အန္တရာယ်ကြားက မောင်တောမြောက်ပိုင်းခရီး

အန္တရာယ်ကြားက မောင်တောမြောက်ပိုင်းခရီး
Published 18 September 2017

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် တာဝန်ရှိသူများက မောင်တောမြို့ တောင်ပြိုလက်ဝဲမြို့ရှိ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကြည့်ရှုစစ်ဆေးစဉ်

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက် နံနက် စောစောအချိန်ကစပြီး မောင်တောဒေသ အတွင်းမှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို တစ်ပြိုင်တည်း အင်အားသုံး တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ မြို၊ သက်၊ ဒိုင်းနက် အပါအဝင် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက အုပ်ချုပ်ရေးယန္တရား၊ လုံခြုံရေး ဆက်သွယ်ရေးပြတ်တောက်ရေးအတွက် လမ်းတွေပေါ်မှာ မိုင်းတွေထောင်တာတွေ၊ တံတားတွေ ဖျက်ဆီးတာတွေကို ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် မောင်တောမြောက်ပိုင်းနေ တိုင်းရင်းသားကျေးရွာတွေက ရွာသားတွေဟာ အပြင်ထွက်မရဘဲ ပိတ်မိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မောင်တောမြောက်ပိုင်းဒေသက တိုင်းရင်းသားကျေးရွာတွေဟာ မြို့နယ်အဆက်အသွယ် ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အကြမ်းဖက်ဖြစ်စဉ်တွေဖြစ်ပြီးလို့ ၁၁ ရက်မြောက်နေ့ စက်တင်ဘာ ၅ ရက်မှာ မောင်တောမြို့ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းမှာ အခြေချတဲ့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့နဲ့အတူ မောင်တော မြောက်ပိုင်းက ကျေးရွာတွေကို သွားပြီး ရိက္ခာ ထောက်ပံ့ရေးခရီးမှာ လိုက်ပါခဲ့ပါတယ်။

နံနက်စောစော ၈ နာရီခန့်မှာ မောင်တောမြို့က စထွက်လာပါတယ်။ အရှေ့ဘက် မေယုတောင်တန်းကြီးကနေ ထွက်ပေါ်လာတဲ့ နေမင်းကြီးကတော့ နေ့သစ်ကိုကြိုဆိုနေသယောင် ရှိပါတယ်။ မြို့ ၂ မိုင်လောက်သာဝေးတဲ့ မြို့သူကြီး ဘင်္ဂါလီရွာကိုဖြတ်တော့ လမ်းမြောက်ဘက် မီးလောင်ပြင်ကြားမှာ ဘင်္ဂါလီသုံးယောက်လောက်ကို လှမ်းမြင်လိုက်ရပါတယ်။ သူတို့က ကျွန်တော်တို့ ကားလာတာကိုမြင်လို့ ရွာကနေ အေတာလျာရွာဘက်ကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ သူတို့ မိုင်းလာထောင်တာလား၊ ဘာလုပ်ဖို့လာတာလဲ ဆိုတာတော့ မသိပါဘူး။ အမှန်တကယ်က မြို့သူကြီးရွာဟာ အကြမ်းဖက်သမားတွေ ကြီးစိုးတဲ့ရွာ ဖြစ်ပါတယ်။ သြဂုတ် ၂၅ ရက် ၁၁ နာရီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက ချောင်းမြောင်းပစ်ခတ်တာတွေ၊ ဆွဲမိုင်းတွေနဲ့ အဝေးကနေ မိုင်းထောင်ဖောက်ခွဲတာတွေ ပြုလုပ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တဲ့ ရွာဖြစ်ပြီးတော့ အဲဒီဖြစ်စဉ်မှာ အကြမ်းဖက်သမား ဘင်္ဂါလီ အလောင်းတစ်လောင်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက မောင်တောမြို့ကို ဆိုင်ကယ်နဲ့ သွားတဲ့ ရွာသားနှစ်ဦးနဲ့ ပညာရေး ဝန်ထမ်းနှစ်ဦးဟာ မြို့သူကြီးရွာကို ဖြတ်သွားတာမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အခုထိ ရှာမတွေ့သေးပါဘူး။ လုံခြုံရေးကားတွေကို ဖောက်ခွဲဖို့ ကားလမ်းပေါ်မိုင်းထောင်ထားပြီး မိုင်းထောင်တာတွေ့လို့ မိုင်းရှင်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ  လာရောက်တဲ့အခါလည်း လူအုပ်စုနဲ့ ဝိုင်းအုံတိုက်ခိုက်တဲ့ဖြစ်စဉ် ၊ လုံခြုံရေးယဉ်နောက်ဆုံးသွားတဲ့အခါ လူအုပ်စုလိုက် ကားလမ်းအတိုင်းတက်လာပြီး သုံးမိုင် ပရဟိတ ကျောင်းနားသို့ ဝိုင်းအုံတိုက်ခိုက်လာခြင်းတို့ ရှိခဲ့တဲ့ရွာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟိန္ဒူ ရွာသားတွေ မြို့သူကြီးရွာကိုအဖြတ်မှာ အကြမ်းဖက် ဘင်္ဂါလီတွေဝိုင်းအုံလာလို့ တရားရုံး အဆောက်အအုံကိုဝင်ပြေးတဲ့အခါ ဟိန္ဒူတွေ သတ်ဖြတ်ခံခဲ့ရပါတယ်။

သုံးမိုင်လမ်းဆုံကနေ မြောက်ဘက်ကို ခရီးစတာနဲ့ အန္တရာယ်ဆိုတာက ဘယ်က ဘယ်လို ရောက်လာမယ်ဆိုတာ မသိနိုင်တာကြောင့် အားလုံးသတိရှိရှိ သွားခဲ့ရတာပါ။ သုံးမိုင်ရပ်ကွက်အလွန် သီဟိုတောထိပ် တောင်ကမူပေါ်မှာ တဲတွေကို မြင်ရပေမယ့် လူတွေမမြင်ရတော့ပါဘူး။ အဲဒီတောင်ကမူပေါ်က တဲထိုးနေကြတဲ့ မြိုတိုင်းရင်းသားတွေဟာ မနေရဲတော့လို့ သုံးမိုင်ပရဟိတဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီသီဟိုဠ်တောထိပ်ကရွာကို သီဟို အေးရွာလို့ ခေါ်ပါတယ်။ ရွာသားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မောင်တောမြောက် ဖျားပိုင်းက ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေ ဖြစ်ပြီး ၂၀၁၆ အောက်တိုဘာ ရဲစခန်းသုံးခု အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ သူတို့ ကံသာယာရွာက ကျောင်းဆရာတစ်ဦးကို အကြမ်းဖက်သမားတွေ ချောင်းမြောင်းပစ်ခတ်လို့ သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ သူတို့အခြေချနေမယ်လို့စိတ်ကူးခဲ့တဲ့ မောင်တောတောင်ပိုင်း ကံသာယာ အထက်ရွာကနေ တစ်ရွာလုံးစွန့်ခွာပြီးတော့ အဲဒီသီဟိုဠ်တောထိပ်မှာ အခြေချ နေထိုင်တာ မကြာသေးပါဘူး။ ဒါပေမဲ့ သူတို့ တစ်တွေ အခြေချဖို့ ကြိုးစားနေစဉ်မှာပဲ ထပ်ပြီးပြေးကြရပြန်ပါပြီ။

သီဟိုဠ်တောထဲဝင်လို့ မိုင်ဝက်ခန့်သာသာမှာ သီဟိုဠ်တောထဲက သီဟိုဠ်နယ်ခြားစောင့်ရဲစခန်း ရှေ့ရောက်ပါတယ်။ သြဂုတ် ၂၅ ရက် နံနက်  ၄ နာရီ ၅ မိနစ်မှာ သီဟိုဠ်ကင်းစခန်းကို ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀၀ ခန့် လာရောက်ဝိုင်း ဝန်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ နွားရုံတောင် ဘင်္ဂါလီရွာကို ဖြတ်ရပါတယ်။ နွားရုံတောင် ဘင်္ဂါလီနောက်မှာ ပြားသား ရခိုင်ရွာရှိပါတယ်။ ပြားသား ရခိုင်ရွာက ရွာသားတွေ ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာပဲ ကျီးကန်းပြင်ဌာနချုပ်ကို ပြောင်းရွှေ့သွားကြပါတယ်။ အဲဒီနွားရုံတောင်ရွာက  ဘင်္ဂါလီအကြမ်းဖက်သမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်ယဉ်တန်းကို အင်အားသုံး ဝိုင်းဝန်း တိုက်ခိုက်တဲ့ဖြစ်စဉ်၊ လက်လုပ်မိုင်းဆွဲဖောက် ခွဲတဲ့ဖြစ်စဉ်တွေရှိခဲ့တဲ့ ရွာလည်းဖြစ်ပါတယ်။

သြဂုတ် ၂၅ ရက် နံနက် ၉ နာရီမှာ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ နွားရုံတောင်ကျေးရွာအနီးအရောက်မှာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၅၀ ခန့်က ဓားရှည်များ ကိုင်ဆောင်ပြီး ကားဘေး ဘယ်ညာ ဝိုင်းဝန်း တားဆီးပိတ်ဆို့ အကြမ်းဖက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးတော့ ပစ်ခတ်ရှင်းလင်း ဖယ်ရှားခဲ့ရတာလည်း  ဖြစ်ပါတယ်။

မွန်းတည့် ၁၂ နာရီ ၅ မိနစ်မှာလည်း သီဟိုဠ်ခြံအလွန် နွားရုံတောင်ကျေးရွာအဝင် ကားလမ်းရောက်ရှိချိန်မှာလည်း ဘင်္ဂါလီ အကြမ်းဖက်သမားတွေက လုံခြုံရေးတပ်ဖွဲ့ကို လက်လုပ်ဆွဲမိုင်း မိုင်းထောင်ဖောက်ခွဲတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

နွားရုံတောင်ရွာထဲကိုဖြတ်တဲ့အခါမှာ လူသူ ကင်းမဲ့နေတာကို တွေ့ခဲ့ရပြီး စိုးတစ်ထိတ်ထိတ် ဖြတ်ခဲ့ရတာပါ။ ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်ဂိတ်မှာ သတင်းပို့ပြီး ဆက်သွားခဲ့ပါတယ်။ ကျီးကန်းပြင်လွန်ရင် အောင်ယာယာ၊ အောင်မင်္ဂလာကျေးရွာတွေ ကို ရောက်ပါတယ်။ ဒေသခံတိုင်းရင်းသားတချို့က ရရာကားတွေနဲ့ ဘူးသီးတောင်ကို ပြောင်းရွှေ့သွားကြပေမယ့် တချို့ကလည်း ရွာမှာ နေထိုင်နေကြဆဲဖြစ်ပါတယ်။ အောင်မင်္ဂလာကျေးရွာက လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ကျွန်တော်တို့ကားနဲ့ လိုက်ပါလာတော့ စိုးရိမ်စိတ် နည်းနည်းသက်သာရာရပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မင်္ဂလာလွန်တာနဲ့ မောင်နှမ ဘင်္ဂါလီရွာကြီးကို သုံးမိုင်လောက်အထိ တောက်လျှောက် ဖြတ်ရမှာမို့လို့ပါ။ မောင်နှမဆိုတဲ့ရွာဟာ တကယ်တော့ ၁၉၄၂ ခုနှစ်မတိုင်မီမှာ ရခိုင်ရွာကြီးဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာ ဘင်္ဂါလီတွေက မောင်တောဒေသက ရခိုင်တွေကို လူလှိုင်းစစ်ဆင်ရေးနဲ့ လူမျိုးသုဉ်း သတ်ဖြတ်တာ လုပ်ခဲ့တော့ မနေရဲတော့ဘဲ အင်္ဂလိပ် အစိုးရအကူအညီနဲ့ အိန္ဒိယ နိုင်ငံ ဒိုင်နာစပူအထိ ပြေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြန်လည်အခြေချနေထိုင်ခဲ့တယ် ဆိုပေမယ့် ရခိုင်ရွာပေါင်း ၉၈ ရွာတိတိ ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့လို့ ရခိုင်ရွာ နာမည်သာကျန်ပြီး ဘင်္ဂါလီ ရွာကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ မောင်နှမရွာဟာ စက်တင်ဘာ ၃ ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင် ကားတွေကို မိုင်းထောင်တာတွေ ဆက်ရှိနေခဲ့တဲ့ရွာဖြစ်ပါတယ်။ စက်တင်ဘာ ၃ ရက်ကလည်း မောင်တောမြောက်ပိုင်းကို ရိက္ခာသွားပေးတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း၊ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့နဲ့ ဦးနေမျိုးဇင် စတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မောင်နှမ ကျေးရွာအရောက်မှာ မိုင်းတွေ့လို့ ဆက်မသွားတော့ဘဲ လှည့်ပြန်ခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ရွာပါ။ မောင်နှမကျေးရွာဟာ ကားလမ်းဘေးတစ်လျှောက် သစ်ပင်ကြီးတွေနဲ့ ပိန်းပိတ် အုပ်ဆိုင်းနေတဲ့ ရွာတန်းရှည်ကြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ARSA အစွန်းရောက်ဘင်္ဂါလီတွေက နေအိမ်တွေကို မီးရှို့ထွက်ပြေးခဲ့ကြတာကြောင့် အခုဆိုရင် လူသူကင်းမဲ့နေတာကို ကျောချမ်းဖွယ်တွေ့ခဲ့ရပါတယ်။ ဘယ်နေရာက ချောင်းမြောင်းပစ်ခတ်မလဲဆိုတာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း အသင့်အနေအထားနဲ့ ဖြတ်ခဲ့ရပါတယ်။ မောင်နှမကျေးရွာ၊ သဲချောင်းကျေးရွာ စတဲ့ ရွာတွေကို ဖြတ်ပြီး နောက်မှာတော့ ဖားဝပ်ချောင်း ရခိုင်တိုင်းရင်းသား ကျေးရွာကို ရောက်ပါတယ်။ ကယ်ဆယ်ရေး ကားအလာကို မျှော်နေသူတွေ တွေ့ရပေမယ့် သူတို့မှာ ထွက်ပြေးဖို့ ကားအပြန်မှာ လိုက်ဖို့အတွက် အထုပ်တွေအပိုးတွေနဲ့ အဆင်သင့် စောင့်ဆိုင်းနေကြတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။ ဒီဖားဝပ်ချောင်း ကျေးရွာနဲ့ အထက်ပိုင်းကျေးရွာတွေ ဟာ သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ မောင်တောမြို့ကိုသွားမရဘဲ ပိတ်မိနေခဲ့တဲ့ ရွာလည်းဖြစ်ပါတယ်။ ကယ်ဆယ်ရေးကားတွေ ရောက်လာတော့ အပြန်မှာ သူတို့လည်း လုံခြုံရာကို ပြောင်းရွှေ့ဖို့ စိတ်အား သန်နေကြတာပါ။

“ကျွန်တော်က ဒီမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာပါ။ အခု အမျိုးသမီးလည်း မွေးဖို့ဖြစ်နေတော့ ဘူးသီးတောင်ကို သွားချင်ပါတယ်။ ဒါကြောင့် ကယ်ဆယ်ရေးကားတွေ အပြန်မှာ လိုက်ပါဖို့ စောင့်နေတာပါ။ ဒီမှာက ညဆို ကောင်းကောင်းမအိပ်ရဘူး။ အားလုံး စိုးရိမ်ထိတ်လန့်နေကြရတယ်”လို့ ဖားဝပ်ချောင်းကျေးရွာက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ဖားဝပ်ချောင်းကျေးရွာမှာတော့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ ကားပေါ်က ဆင်းကျန်နေခဲ့ပါတယ်။ ကယ်ဆယ်ရေးကားကတော့ ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ငန်းချောင်းကျေးရွာကိုအဖြတ်မှာတော့ ရွာထဲမှာ ဘင်္ဂါလီတွေ သွားနေတာကိုမြင်တော့ စိုးရိမ်သွားပါတယ်။ ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လှမ်းမြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားပါတယ်။ လုံခြုံရေးတွေက လမ်းတစ်လျှောက်ရှိတယ်ဆိုလို့သာ ရှေ့ဆက်သွားခဲ့ရတာပါ။ နံနက် ၁၀ နာရီ ၅၀ မိနစ်မှာ လောင်းဒုံကျေးရွာအနားကိုလည်းရောက်တော့ ရုတ်တရက် ကားကို ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့က ရှေ့ဆက်မတိုးဖို့ ထားပါတယ်။ ကားပေါ်က ဆင်းကြည့်တော့ ရှေ့ကိုက် ၁၀ လောက် အကွာမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မိုင်းကို  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တူးဖော်နေတာကို တွေ့ပါတယ်။ မိုင်းက ကားလမ်းပေါ်က ရွှံ့ ဗွက်တွေကိုတူးပြီး ထောင်ထားတာဖြစ်ပါတယ်။ မိုင်းကိုဖော်လိုက်တေ့ာ ဝိုင်ယာကြိုးတန်းကို တွေ့ရပါတယ်။ မိုင်းက ကားမိုင်းဖြစ်ပြီး ကားလာရင် လျှော့တိုက် ဖောက်ခွဲတာလို့ သိရပါတယ်။ ဒီလို ကားမိုင်း၊ ဆွဲမိုင်းတွေကို ARSA အစွန်းရောက် ဘင်္ဂါလီတွေက မောင်တောမြို့ နယ်တစ်လျှောက် လုံခြုံရေးကားတွေ သွားလို့ မရအောင် မိုင်းထောင်ဖောက်ခွဲတာ ဖြစ်ပါတယ်။ မိုင်းတွေကို ကားပီစတင်တို့၊ သံပိုက် တို့နဲ့ ပြုလုပ်တာဖြစ်ပြီး ဘင်္ဂါလီတွေဟာ မိုင်း လုပ်နည်းကို ကျွမ်းကျင်တဲ့အဆင့် ရောက်နေပြီဆိုတာ သက်သေပြနေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မိုင်းနှစ်လုံးကိုတွေ့ရှိပြီး သက်မဲ့ လုပ်လိုက်ရတယ်လို့ ပြောပါတယ်။ သြဂုတ် ၂၅ ရက် နံနက် ၃ နာရီ ၂၅ မိနစ်မှာ လောင်းဒုံရွာထိပ်က နယ်ခြားစောင့် ကင်းစခန်းကို အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက လာရောက်ဝိုင်းဝန်း ပစ်ခတ်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး ကင်းစခန်းကို မိုင်းတွေနဲ့  ပစ်ခတ် ဖောက်ခွဲခဲ့တယ်လို့လည်းသိရပါတယ်။

“ဖြစ်တဲ့နေ့က ဘင်္ဂါလီ အကြမ်းဖက်သမားတွေဝိုင်းပြီး ကင်းစခန်းကို တိုက်ခိုက်တယ်။ အဲဒီမှာလည်း ကင်းစခန်းထဲကို မိုင်း တွေကျလာခဲ့တယ်။ ဒါပေမဲ့ မပေါက်ကွဲခဲ့လို့သာ ဘာမှမဖြစ်တာပါ။ ဒီကနေကလည်း ကျွန်တော်တို့ လမ်းပေါ်ထွက်ကြည့်တဲ့အချိန် မှာ ဝိုင်ယာကြိုးကိုမြင်တော့ လုံခြုံရေးကို သတင်းပို့ ဖော်ကြည့်တဲ့အခါ မိုင်းကိုတွေ့တာပါ” ဟု လောင်းဒုံကျေးရွာသားတစ်ဦးက ပြောပါတယ်။

လောင်းဒုံကျေးရွာကနေ ဆက်သွားလျှင် ကြိမ်ချောင်းကျေးရွာကို ရောက်ပါတယ်။ ကြိမ်ချောင်းကျေးရွာမှာ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၈၀ ခန့်သာရှိပေမဲ့ ကျန်တဲ့ တစ်ရွာလုံးဟာ ဘင်္ဂါလီတွေပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၅ ရက်မှာ မိုင်းငါးလုံး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ကစလို့ တစ်ရွာလုံးက တိုင်းရင်းသားတွေဟာ နယ်မြေရဲစခန်းထဲ မှာသွားပြီး နေထိုင်နေကြရတာလည်း ဖြစ်ပါ တယ်။ ကြိမ်ချောင်းရွာလယ် လမ်းဆုံ၊ ဆေးရုံရှေ့၊ ငါးဈေးတန်း၊ အထကကျောင်းရှေ့နဲ့ ရေ ကျော်တံတားအနီးတို့မှာ ပေါက်ကွဲခဲ့တာပါ။ ကြိမ်ချောင်းရွာ လယ်လမ်းဆုံမှာ အထုပ်အပိုးတွေနဲ့ ကားအလာကို စောင့်နေကြသူတွေ တွေ့ရပါတယ်။ မကြာခင်မှာ တောင်ပြိုလက်ဝဲက ဆင်းလာတဲ့ လုံခြုံရေးကားတွေနဲ့အတူ တောင်ပြိုဒေသခံတချို့ လိုက်ပါလာတာ တွေ့ရပါတယ်။ အဲဒီကားနဲ့ပဲ ကြိမ်ချောင်းရွာက ဒေသခံတချို့ လိုက်ပါသွားပါတယ်။ ကြိမ်ချောင်းကနေ ဆက်ထွက်တော့ ဗန္ဓုလကျေးရွာသို့ သွားလမ်းနဲ့ တောင်ပြိုလက်ဝဲသွားတဲ့ လမ်းဆုံကိုရောက်တော့ ကယ်ဆယ်ရေးကား တစ်စီးက ဗန္ဓုလလမ်းအတိုင်း ရန်အောင်ပြင် ကျေးရွာအထိသွားပြီး ကျွန်တော်တို့ စီးလာတဲ့ ကားက တရိန်းကျေးရွာထိ ခရီးဆက်ခဲ့ပါတယ်။ ရန်အောင်ပြင်ကျော်လမ်းကနေ ထွက်ပြေးလာကြတဲ့ ဘင်္ဂါလီ အမျိုးသမီးတွေ၊ ကလေးတွေကို လမ်းတစ်လျှောက် တွေ့ခဲ့ရပါ တယ်။ တရိန်းတံတားထိပ် ရဲကင်းစခန်းကို သတင်းပို့ပြီးတော့ တရိန်းကျေးရွာကို ဆက် သွားခဲ့ပါတယ်။ တရိန်းကျေးရွာသား လမ်းဟာ တော်တော်ကိုပျက်စီးနေတာ တွေ့ရပါတယ်။ တချို့နေရာတွေမှာ တစ်ပေအထိနက်တဲ့ မြောင်းတွေဖြစ်ပေါ်နေလို့ ကားကိုမနည်း ရုန်းကာသွားရပါတယ်။ မောင်တောမြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ခရီးကို တရိန်းကျေးရွာဟာ ဒီအကြမ်းဖက်မှုဖြစ်စဉ် မတိုင်မီက ရွာသား နှစ်ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ရွာလည်းဖြစ်ပါတယ်။ ရွာသားတွေဟာ ရွာပြင်မထွက်ရဲဘဲ စိုးရိမ် ထိတ်လန့်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ရွာမှာတော့ လုံခြုံရေး ရှိနေတယ်လို့ သူတို့ပြောကြပါတယ်။

“ကျွန်မတို့ ရွာသားတွေကတော့ တစ်ယောက်တည်းမပြေးဘူး။ ပြေးရင် အားလုံး ပြေးမယ်။ ဒီလို တိုင်ပင်ထားကြတယ်” လို့ တရိန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

တကယ်တော့ မောင်တောဒေသမှာ နေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသားတွေဟာ လုံခြုံမှု အာမခံချက်မရှိဘဲ စိုးရိမ်ထိတ်လန့်မှု တွေနဲ့ နေ့ရက်တွေကို ကျီးလန့်စာစား ဖြတ်ကျော်နေကြရတာဖြစ်ပါတယ်။ အသက်ရှင်နေပေမဲ့ ဘဝသေနေတဲ့လူတွေ မျှော်လင့်ချက်မဲ့နေတဲ့ လူတွေနဲ့ မခြားပါဘူး။ ကိုယ့်ရေ ကိုယ့်မြေမှာ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စား သောက်ချင်ကြပေမဲ့ ဘင်္ဂါလီအကြမ်းဖက်မှု ကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ ခံစားနေကြတာလည်း ဖြစ်ပါတယ်။ နေမဝင်ခင် မောင်တော အရောက်ပြန်ရမှာမို့ တရိန်းရွာသားတွေကို နှုတ်ဆက်ပြန်ခဲ့ကြပါတယ်။ ရန်အောင်ပြင် ကျေးရွာကိုသွားတဲ့အဖွဲ့ကားပေါ်မှာ ပိတ်မိ နေတဲ့ ကျောင်းဆရာတွေ ပါလာကြပြီး ကြိမ်ချောင်းရွာ နယ်မြေရဲစခန်းရှေ့ကို ရောက်တော့ ရန်အောင်ပြင်ရွာကနေ ကြိမ်ချောင်းရွာအထိ ခြေကျင်လမ်းလျှောက်လာကာ ကယ်ဆယ်ရေးကားနဲ့ မောင်တောကို လိုက်ပါဖို့ စောင့်ဆိုင်းနေကြတဲ့ ကျေးရွာသားတွေကို တွေ့ပါ တယ်။ သူတို့က လိုက်ပါဖို့ တောင်းဆိုတော့ ကားနဲ့ ခေါ်လာခဲ့ရပါတယ်။ အသက် ၈၀ ကျော်အရွယ် အဘိုးအဘောင်တွေ၊ လသားအရွယ် ကလေးငယ်တွေနဲ့ နို့တိုက်မိခင်တွေ၊ ကျောင်းသားကျောင်းသူ ကလေးငယ်တွေဟာ မိမိတို့နေရပ်မှာ မနေရဲတော့လို့ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်ပြီးနောက် ၁၀ ရက် ကြာခဲ့တဲ့အချိန်မှာမှ မောင်တောမြောက်ပိုင်း ကျေးရွာသားတွေ နေရပ်စွန့်ခွာမှု ပြန်လည် စတင်လာခဲ့တာလည်း ဖြစ်ပါတယ်။ အုပ်ချုပ်မှု၊ လုံခြုံရေး ပြတ်တောက်သွားဖို့ ရည်ရွယ်ပြီး မောင်တော မြောက်ပိုင်းက တံတားကြီးခြောက်စင်းကို ARSA အစွန်းရောက် ဘင်္ဂါလီတွေ ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် လမ်းတွေကို မြောင်းတူးပြီး ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လမ်းတံတား ဆောက်လုပ်ရေး အဖွဲ့နဲ့ တပ်မတော်တို့ပူးပေါင်းပြီး ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေကို ပြန်လည်ပြုပြင်ပြီးလို့  ကားတွေ သွားလာလို့ရပေမယ့် လမ်းတွေ ဆိုးရွားစွာ ပျက်စီးနေတဲ့အတွက် ကူညီကယ်ဆယ်ရေး ကားတွေဟာ ခမောင်းဆိပ်မြို့အထိပဲ သွားလို့ ရပါသေးတယ်။ အပြန်ခရီးမှာ မိုးက တအားရွာတော့ အမိုးမပါတဲ့ကုန်တင်ကားပေါ်မှာ လိုက်ပါလာကြတဲ့ သူတွေအားလုံး မိုးရေထဲမှာ ဒုက္ခကိုယ်စီ ရောက်ကြပါတယ်။ ကိုယ့်ရေကိုယ့်မြေ ကိုယ့်နိုင်ငံမှာနေပြီး ခိုးဝင် အကြမ်းဖက် ဘင်္ဂါလီရန်ကို ကြောက်လန့်ကာ အသက်လု ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေ ဘဝဟာ ရင်နာစရာကောင်းလှပါတယ်။ မီးရှို့မှုတွေ၊ ပစ်ခတ်သံတွေ မေယုတောင်ခြေမှာ ဆက်လက်ကြားနေကြသေးပြီး တိုင်းရင်းသားတွေရဲ့ဘဝတွေလည်း လုံခြုံမှု မရရှိသေးပါဘူး။ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ  နဲ့ ရခိုင်ပြည်နယ်အတွင်း မြို့တွေအားလုံးမှာ မောင်တောဒေသက စွန့်ခွာလာကြတဲ့သူတွေ ပျံ့နှံ့ရောက်ရှိ ခိုလှုံနေကြတာ တိုင်းရင်းသား လူဦးရေ နှစ်သောင်းကျော်သွားပါပြီ။

ARSA  အစွန်းရောက် အကြမ်းဖက်သမားများတွေရဲ့ တိုက်ခိုက်မှုကြောင့် သြဂုတ် ၁၅ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်အဖွဲ့ ထိတွေ့တိုက်ခိုက်မှု ၉၇ ကြိမ်ဖြစ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံဝန်ထမ်းနှစ်ဦး၊ ဒေသခံ တိုင်းရင်းသား ၂၁ ဦး စုစုပေါင်း ၃၆ ဦးနှင့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၇၁ ဦးသေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင် ၁၅ ဦး၊ နိုင်ငံဝန်ထမ်း သုံးဦး၊ ဒေသခံတိုင်းရင်းသား လေးဦး စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ တံတားရှစ်စင်း မိုင်ထောင် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

မီးလောင်ပြင်တွေကို နိုင်ငံတော်အစိုးရကနေ စနစ်တကျစီမံသွားမှာဖြစ်ပြီး မိမိတို့ နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်တဲ့အတွက် ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်လုပ်လို့မရဘဲ တစ်ဖက်နိုင်ငံကို ထွက်သွားသူတွေကိုတော့ စိစစ် လက်ခံသွားမည် ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားခဲ့ပါတယ်။ တကယ်တော့ အနောက်ဘက်နယ်စပ်မှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေဟာ ၁၉၄၂ ခုနှစ် ကတည်းကနေ စိုးရိမ်သောကနဲ့ မလုံမခြုံနေခဲ့ရတာ လည်း ဖြစ်ပါတယ်။ လယ်ကူလီအဖြစ် သနားစရာ ဝင်ရောက်လာတဲ့ စစ်တကောင်းသား ဘင်္ဂါလီတွေဟာ အနေကြာလာတာနဲ့အမျှ မြန်မာတိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် အမည်သစ်တစ်ခုကို ရွေးချယ်ကာ တိုင်းရင်းသား အခွင့်အရေး နိုင်ငံသား အခွင့်အရေးတွေကို အကြမ်းဖက် တောင်းဆိုလာခဲ့ကြပါပြီ။ ဒီ အကြမ်းဖက်မြေလုသူ ဘင်္ဂါလီတွေကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့အတူ အားလုံး တညီတညွတ် ကန့်ကွက်ရှုတ်ချ ဝိုင်းဝန်း ရှင်းလင်းရမှာ ဖြစ်သလို အနောက်ဘက်တံခါးမှာ တိုင်းရင်းသားတွေ ဆက်လက်နေထိုင်ဖို့အတွက် နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုအားလုံး ဝိုင်းဝန်းကြိုးစားရမှာ ဖြစ်ပါတယ်။ နေမင်းကြီးက နတ်မြစ်တစ်ဖက် ကမ်းနတ်တောင်ကို ငုပ်လျှိုးဖို့ မေးတင်နေချိန်မှာ မောင်တောမြို့ကို ရောက်ရှိခဲ့ပါတယ်။ မောင်တောမြို့ကြီးကတော့ ချောက်ချားဖွယ် တိတ်ဆိတ်လို့ နေပါတယ်။

Most Read

Most Recent