<

Illegal Wildlife Trade Mekong Short Film Competition တွင် မြန်မာဇာတ်ကားတိုတစ်ကား ပါဝင်ယှဉ်ပြိုင်ထား

Illegal Wildlife Trade Mekong Short Film Competition တွင် မြန်မာဇာတ်ကားတိုတစ်ကားလည်း ပါဝင်ယှဉ်ပြိုင်ထားကြောင်း သိရသည်။ ယင်းအစီအစဉ်မှာ တရားမ၀င် သားရဲတိရစ္ဆာန် ကူးသန်းရောင်းဝယ်မှု ဆိုင်ရာ ပညာပေးအတွက် စီစဉ်တင်ဆက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဒါရိုက်တာ Zarchi Damloup ရိုက်ကူးထားသည့် ‘Bo Bo and Mo Mo’ ဇာတ်ကားတိုဖြင့် ပါဝင်ယှဉ်ပြိုင်ထားခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ ဇာတ်ကားတိုများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆန်ခါတင်ဇာတ်ကားတို ၁၀ ကားအနက် မြန်မာနိုင်ငံမှ တစ်ကား ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

‘Bo Bo and Mo Mo’ ဇာတ်ကားတိုမှာ ဘိုဘိုဆိုသူ ကလေးငယ်လေးနှင့် ငယ်စဉ်ကပင် အတူကြီးပြင်းခဲ့ကြသည့် ဧရာမောင်ဟု အမည်ပေးထားသော ဆင်လေးတို့၏သံယောဇဉ်၊ တစ်ရက်တွင် မိခင်နှင့် ဈေးလိုက်သွားရင်း တရားမ၀င်ရောင်းချလျက်ရှိသည့် ဆင်စွယ်များအား တွေ့မြင်ရာမှ သံယောဇဉ်ကြီးရသည့် ဆင်လေးဧရာမောင်အတွက် ဘိုဘို၏ စိတ်သောကကို ပုံဖော်ကာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသည့် တရားမ၀င်ရောင်းချလျက်ရှိသော သားရဲတိရစ္ဆာန်များ၏ဈေးကွက်ကို တားဆီးရန် ပညာပေးထားခြင်းဖြစ်သည်။ ရှားပါးလာလျက်ရှိသည့် ဆင်မျိုးစိတ်များအတွက်လည်း တန်ဖိုးထားထိန်းသိမ်းသင့်ပုံကို ပုံဖော်ထားသည်။ လေးမိနစ်ကျော်ကြာရှည်လျားသည့် အဆိုပါဇာတ်ကားတွင် အချိန်တိုဖြင့်ပင်ပညာပေးလိုသည့်အချက်အလက်၊ စိတ်ခံစားမှုများပေါ်လွင်အောင် ပုံဖော်ထားခြင်းဖြစ်သည်။

သားရဲတိရစ္ဆာန်များအား တရားမ၀င်ရောင်းချခြင်းမှကာကွယ်ရန် ဖန်တီးထားသည့် ဇာတ်ကားတိုများအား Luang Prabang Film Festival တွင်တင်ပေးထားခြင်းဖြစ်ကာ အရှေ့တောင်အာရှငါးနိုင်ငံမှ အကောင်းဆုံးဇာတ်ကားတို ၁၀ ကားစာရင်းတွင် မြန်မာဇာတ်ကားလည်း ပါဝင်နေခြင်းဖြစ်သည်။ ယင်းဇာတ်ကားများအနက်မှ မိမိနှစ်သက်ရာဇာတ်ကားအား Facebook Shasre များကို စက်တင်ဘာ ၃၀ နောက်ဆုံးထားပြုလုပ်နိုင်မည်ဖြစ်ပြီး Share အများဆုံး ရရှိသူအနေဖြင့် Vital Prize အဖြစ် အမေ ရိကန်ဒေါ်လာ ၂၀၀၀ အား ရရှိမည်ဖြစ်သည်။ အဓိကပြိုင်ပွဲဝင်ကဏ္ဍအဖြစ်လည်း Laung Prabang Film Festival တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

August 30, 2018














Copy Protected by Chetan's WP-Copyprotect.