ဘရူနိုမားစ်၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်တွင် Boyz II Men အဖွဲ့နှင့် ချာလီဝီဆန်တို့ ပါဝင်ဖျော်ဖြေမည်

ဘရူနိုမားစ်၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်တွင် Boyz II Men အဖွဲ့နှင့် ချာလီဝီဆန်တို့ ပါဝင်ဖျော်ဖြေမည်
Published 16 August 2018

ဘရူနိုမားစ်၏  24K Magic ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်တွင် Boyz II Men နှင့် ချာလီဝီဆန်တို့ ပါဝင်မည်ဟု သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင်ပွဲဦးထွက်အယ်လ်ဘမ်  Cooleyhighharmony ကို ဖြန့်ချိခဲ့ပြီး  R&B နှင့် ပေါ့ပ်ဂီတတွင် အောင်မြင်ခဲ့သည့် Boyz II Men အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင်  ဒန်ဗားမြို့၌ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ဖျော်ဖြေမည်ဖြစ်သည်။

Finesse သီချင်းတွင် ဘရူနိုမားစ်နှင့် တွဲဖက်သီဆိုခဲ့သည့် တက်သစ်စအဆိုတော်  ရက်ပ်အဆိုတော် ကာဒီဘီက ပြီးခဲ့သည့်လတွင် ကလေးမီးဖွားခဲ့သောကြောင့်  24K Magic တွင် ပါဝင်နိုင်မည်မဟုတ်ဟု မားစ်က ပြောကြားသည်။

“ဒီနှစ် ဆောင်းရာသီမှာ လုပ်မယ့် ဘရူနိုမားစ် ရဲ့ ဖျော်ဖြေပွဲခရီးစဉ်မှာ ကျွန်မ မဖျော်ဖြေနိုင်တော့ဘူး။ လသားအရွယ်သာရှိသေးတဲ့ ကျွန်မသမီးကို စောင့်ရှောက်ဖို့နဲ့ ကျွန်မရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် အချိန်ယူရဦးမယ်” ဟု ကာဒီဘီက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဘရူနိုမားစ်သည်  24K Magic ကမ္ဘာ လှည့်ဖျော်ဖြေပွဲခရီးစဉ်အဖြစ် ဖီလာဒဲဖီးယား၊လော့စ်အိန်ဂျလိစ်၊ ဒက်ထရွိုက်၊ ဘော်စတွန်၊တိုရွန်တို၊ ဒါးလက်စ်၊ ဘရွတ်ကလင်း၊ နက်ရှ်ဗေးနှင့် တင်နက်စီတို့တွင်လည်း ဖျော် ဖြေမည်ဖြစ်သည်။

ဘရူနိုမားစ်သည် နောက်ဆုံးဖြန့်ချိခဲ့သည့် 24K Magic အယ်လ်ဘမ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၁၇ ခုနှစ် မတ်တွင် စတင်ခဲ့သည်။ 24K Magic အယ်လ်ဘမ်သည် Billboard သီချင်း ရောင်းချမှုစာရင်းတွင် ၂၁ ပတ်ကြာ ဖော်ပြခံခဲ့ရပြီး ယင်းအယ်လ်ဘမ်သည် ယခုနှစ်ဂရမ်မီဆုပေးပွဲတွင် အကောင်းဆုံး R&B အယ်လ်ဘမ်ဆု အပါအဝင် ဆုသုံးဆုရရှိခဲ့သည်။

Just the Way You Are ၊ Grenade  နှင့် The Lazy Song သီချင်းများဖြင့် အောင်မြင်ခဲ့သည့် မားစ်သည် ရောင်းအားအကောင်းဆုံး အဆိုတော်စာရင်းတွင် ပါဝင်ခဲ့ပြီး ဂီတသက်တမ်း ၁၄ နှစ်အတွင်း ဂရမ်မီဆု ၁၁ ဆု ရရှိခဲ့သည်။

Most Read

Most Recent