ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Tourism Ambassador 2018 ပြိုင်ပွဲ၌ မြန်မာအလှမယ် ရွှန်းလက်မင်းနိုင် ဆုနှစ်ဆုဆွတ်ခူးရရှိ

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Tourism Ambassador 2018 ပြိုင်ပွဲ၌ မြန်မာအလှမယ် ရွှန်းလက်မင်းနိုင် ဆုနှစ်ဆုဆွတ်ခူးရရှိ
Published 10 August 2018

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Tourism Ambassador 2018 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စား ပြုအလှမယ် ရွှန်းလက်မင်းနိုင် ဆုနှစ်ဆု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ်ကျင်းပသည့် Miss Tourism Ambassador 2018  ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်မှ ကိုယ်စားပြုအလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်ပြိုင်ပွဲကို သြဂုတ် ၈ ရက် ညပိုင်းက ထိုင်းနိုင်ငံ Phatthalung Province  ရှိ Noah Convention Center ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲတွင် မြန်မာအလှမယ် ရွှန်းလက်မင်းနိုင် သည် အာရှတိုက်အလှမယ်ဘွဲ့၊ အလှမယ်များအချင်းချင်း ရွေးချယ်ပေးအပ်သည့် ပေါင်းသင်းဆက်ဆံရေး အကောင်းမွန်ဆုံးဆုဖြစ်သည့် Miss Friendship ဆုနှင့် Miss Photogenic ဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။ အလှမယ် ရွှန်းလက်မင်းနိုင်သည် Miss Golden Land Myanmar 2017 ဆုရအလှမယ်တစ်ဦးဖြစ်ပြီး Miss Tourism Ambassador 2018 ပြိုင်ပွဲကို Miss Golden Land Myanmar Organization ၏ စေလွှတ်မှုဖြင့် သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Most Read

Most Recent