ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Children of the World 2018 : Live Create & Dance Competition ၌ ပွဲတော်ဆိုင်ရာအမြင့်ဆုံးဆု Grand Prix ကို မြန်မာလူငယ်အဖွဲ့ရရှိ

ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Children of the World 2018 : Live Create & Dance Competition ၌ ပွဲတော်ဆိုင်ရာအမြင့်ဆုံးဆု Grand Prix ကို မြန်မာလူငယ်အဖွဲ့ရရှိ
Published 8 August 2018

ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Children of the World 2018 : Live Create & Dance Competition ၌ ပွဲတော်ဆိုင်ရာ အမြင့်ဆုံးဆုဖြစ်သည့် Grand Prix ကို မြန်မာလူငယ်အဖွဲ့ကရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ Children of the World 2018 : Live Create & Dance Competition ကို မြန်မာနိုင်ငံ Private Teachers Association နှင့် ရုရှားနိုင်ငံ Vladivostok မြို့ရှိ OKEAN CHILDREN CENTER တို့ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှ ဦးဆောင်ကာ မြန်မာ လူငယ် ၁၄ ဦးပါဝင်သည့်အဖွဲ့က နိုင်ငံကိုယ်စားပြု သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယင်းပွဲသို့ တက်ရောက်ကြမည့် မြန်မာလူငယ် ၁၄ ဦးတွင် မြန်မာ့ဇာတ်သဘင်၏ ဥသျှောင်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်၏ တီ ထွန်းဝီရ၊ မင်းသားကြီး ဦးစိန်မာဒင်၏မြေး နေမိုးဝင်း၊ မြို့ရွှေမန်းသား ဖိုးချစ်၏တူ ကောင်း စစ်မင်း၊ မြန်မာပြည်ကျောက်စိမ်း၏သား ဟန်ထူးဇင်၊ ဦးအရိုင်း၏သမီး ပန်းနုပျိုမေ၊ မင်းမော်ကွန်း၏သမီး လေပြေတို့လည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါကလေးငယ်များအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများနှင့် အထွေထွေဗဟုသုတများကို မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ တာဝန်ယူလေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Children of the World 2018 : Live Create & Dance Competition ပွဲတော်ကို ရုရှားနိုင်ငံတွင် ဇူလိုင် ၁၈ ရက်မှ သြဂုတ် ၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတော်တွင် မြန်မာလူငယ်အဖွဲ့သည် မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ အနုပညာဖျော်ဖြေမှုများ၊ ယှဉ်ပြိုင်မှုများကို အခြားသော နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အဖွဲ့များနှင့်အတူ ပါဝင်ဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

 

Most Read

Most Recent