<

Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် နောက်ဆုံးအဆင့် Grand Final သို့ တက်ရောက်နိုင်ခဲ့သည့် ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနှင့် သူမ၏ အမာခံပရိတ်သတ်များ တွေ့ဆုံပွဲပြုလုပ်

ဓါတ်ပုံ – ကျော်ဇင်ဖြိုး

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season (3) တွင် နောက်ဆုံးအဆင့် Grand Final သို့တက်ရောက်နိုင်ခဲ့သည် ပြိုင်ပွဲဝင်ချမ်းမြေ့မောင်ချိုနှင့် သူမ၏ အမာခံပရိတ်သတ်များ တွေ့ဆုံပွဲကို (ယနေ့) သြဂုတ်လ ၅ ရက်၊ ည ၇ နာရီခန့်က ရန်ကုန်မြို့ Gandamar Grand Balloom ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ချမ်းမြေ့မောင်ချို၏ ပရိသတ် အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပရိသတ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို We Love Chan Myae Maung Cho fan group မှ ဦးဆောင်၍ ချမ်းမြေ့မောင်ချိုအား ဂုဏ်ပြုခြင်းနှင့် ပြိုင်ပွဲတွင် Grand Final အဆင့်ထိရောက်အောင် ချစ်ခင်စွာ မဲပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ရှိသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် အများအပြား လာရောက်ခဲ့ကြောင်း သိရသည်။

” မောင်ချိုကို ပြိုင်ပွဲ စကတည်းကအားပေးလာတာ။ နောက်ဆုံး Final အထိလည်း ပါစေချင်တယ်။ အခု Final လည်း ရောက်သွားပြီဆိုတော့ winner ဖြစ်စေချင်တယ်။ သူငယ်ချင်းတွေကိုလည်း မောင်ချိုလေး နောက်ဆုံးအဆင့်ထိပါလာအောင် မဲတွေပေးခိုင်းခဲ့တယ်။ သူက ဒီ ပြိုင်ပွဲမှာ အသက်အငယ်ဆုံးလည်းဖြစ်တော့ ကလေးလေးလိုဘဲ။ အများကြီး ကြိုးစားပြီး winner ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ” ဟု တွေ့ဆုံပွဲကိုတက်ရောက်ခဲ့သည့် ပရိသတ်တစ်ဦးမှပြောသည်။

ချမ်းမြေ့မောင်ချိုမှလည်း ” ဒီနေ့ပရိသတ်တွေနဲ့တွေ့ရတာ အရမ်းပျော်ပါတယ်။ အားတွေလည်း အများကြီး ပိုရှိလာပါတယ်။ အခုလို မောင်ချို့ကို ချစ်တဲ့ ပရိသတ်အများကြီးနဲ့တွေ့ရလို့ အရမ်းလည်း စိတ်လှုပ်ရှားပါတယ် ” ဟုပြောသည်။

အဆိုပါ ပရိသတ်များနှင့်တွေ့ဆုံခဲ့သည့် ပွဲတွင် ချမ်းမြေ့မောင်ချိုမှ တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်း၊ Fan များမှ အမှတ်တရစကားများပြောခြင်းနှင့် လက်ဆောင်များပေးခြင်းများအပြင် ပရိသတ်များစုပေါင်း၍ ကိတ်မုန့်ခွဲခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

August 5, 2018














Copy Protected by Chetan's WP-Copyprotect.