တာယာပွကြီးဇာတ်ကောင်အား ပြန်လည် အသက်သွင်းထားသည့် အွန်လိုင်း ရုပ်သံဇာတ်လမ်းတိုကို စက်တင်ဘာ ၁ ရက်မှ စတင်ကာ တာယာပွကြီးရုပ်ရှင် Page တွင် ပြသမည်

တာယာပွကြီးဇာတ်ကောင်အား ပြန်လည် အသက်သွင်းထားသည့် အွန်လိုင်း ရုပ်သံဇာတ်လမ်းတိုကို စက်တင်ဘာ ၁ ရက်မှ စတင်ကာ တာယာပွကြီးရုပ်ရှင် Page တွင် ပြသမည်
Published 28 July 2018

တာယာပွကြီးရုပ်ရှင် ဇာတ်ကားတိုရိုက်ကူးမှုမြင်ကွင်း

ပရိသတ်အားပေးမှု များပြားခဲ့သည့် တာယာပွကြီးကာတွန်းဇာတ်ကောင်အား ပြန်လည်အသက်သွင်းထားသည့် အွန်လိုင်းရုပ်သံဇာတ်လမ်းတိုကို စက်တင်ဘာ ၁ ရက် မှစတင်ကာ တာယာပွကြီးရုပ်ရှင် Page တွင် ပြသမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အွန်လိုင်းဇာတ်ကားတိုတွင် ဗျူး၏ဝတ္ထုကို ကာတွန်းဝိဇ္ဇာဖန်တီးခဲ့သည့် ဇာတ်လမ်းများ အားအခြေခံကာ ပြန်လည်ဖန်တီးထားခြင်း ဖြစ်ပြီး အဓိကဇာတ်ကောင်တစ်ဦးဖြစ်သည့် တာယာပွကြီးနေရာ၌ ပါဝင်သရုပ်ဆောင်ရန်အတွက် မျက်နှာသစ်သရုပ်ဆောင်များအား ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ မျက်နှာ သစ်သရုပ်ဆောင်များအနက်မင်းသားသစ် မင်းကိုကိုအား တာယာပွကြီးနေရာတွင် ပါဝင်စေခြင်းဖြစ်ကြောင်းသိရသည်။

တာယာပွကြီး ရုပ်ရှင်ဇာတ်လမ်းတိုများ အတွက် မူရင်းဖန်တီးသူစာရေးဆရာ ဗျူး ကိုယ်တိုင် ပံ့ပိုးကူညီစီစဉ်ထားခြင်းဖြစ်ကာ ဆရာခိုင်ဝင်း(ကာတွန်းဝိဇ္ဇာ)ကလည်း ပံ့ပိုးကူညီပေးထားကြောင်းသိရသည်။ ယင်းဇာတ်လမ်းတိုများ၏ပထမဆုံး Episode 1 အဖြစ် တာယာပွကြီး reborn ဟု အမည် ပေးထားသော ဇာတ်လမ်းတိုကို တင်ဆက်သွားမည်ဖြစ်သည်။ အဆိုပါဇာတ်လမ်းတိုကို စက်တင်ဘာ ၁ ရက်တွင် တာယာပွကြီးရုပ်ရှင် Page ၌ အခမဲ့ ကြည့်ရှုအားပေးနိုင်မည် ဖြစ်သည်။

လက်ရှိတွင် အင်တာနက် အသုံးပြုမှုများ ပြားလာသည်နှင့်အမျှ ဇာတ်ကားတိုများ၊ ရုပ်သံဇာတ်လမ်းတွဲများအား အွန်လိုင်းတွင် လွှင့်တင်မှုများပြားလာပြီး တာယာပွကြီး ရုပ်ရှင်ကိုလည်း အပိုင်းများခွဲ၍ အွန်လိုင်းတွင် လွှင့်တင်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ တာယာပွကြီး ကာတွန်းဇာတ်ကောင်မှာ စာရေးဆရာဗျူး ရေးသားကာ ကာတွန်းဝိဇ္ဇာ ရေးသားခဲ့သည့် ကာတွန်းဇာတ်ကောင်ဖြစ်ကာ ထင်ရှားသည့်ကာတွန်းဇာတ်ကောင်ဖြစ်သည်။

Most Recent