မက္ကဆီကိုနိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာကာတွန်းပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ခဲ့သည့် ကာတွန်း ငယ်ဦး၏ လက်ရာအား Human Rights Commission မှ ဒီပလိုမာပေးအပ်

မက္ကဆီကိုနိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာကာတွန်းပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ခဲ့သည့် ကာတွန်း ငယ်ဦး၏ လက်ရာအား Human Rights Commission မှ ဒီပလိုမာပေးအပ်
Published 25 July 2018

 

မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာ ကာတွန်းပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ခဲ့သည့် ကာတွန်းငယ်ဦး၏လက်ရာအား Human Rights Commission  မှ ဒီပလိုမာပေးအပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် မက္ကဆီကိုနိုင်ငံ CDHEA (Comisionde Derechos Humanosdel Estadode Aguascalientes)  မှကြီးမှူး၍ Equality ခေါင်းစဉ်ဖြင့် ကာတွန်းပြိုင်ပွဲတစ်ခုအား ဖိတ်ခေါ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကာတွန်းငယ်ဦးက ပေးပို့ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။  “Equality ခေါင်းစဉ်နဲ့ ကာတွန်းနှစ်ပုံ ပေးပို့ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လို့ အဆင်သင့်ရေးပြီးသား ရှိတာနဲ့ ပေးပို့လိုက်ပါတယ်။ ဆုကလည်း တစ်ဆုသာပေးတာ ဖြစ်ပါတယ်။ ဇူလိုင် ၁၇ ရက်က Human Rights Commission ကိုယ်စား CDHEA အဖွဲ့က ဝမ်းမြောက်စွာပေးအပ်ကြောင်းဆိုပြီး Diploma ဂုဏ်ပြုလွှာ ပေးပို့ခဲ့ပါတယ်” ဟု ကာတွန်းငယ်ဦးက ဆိုသည်။

ထို့ပြင် ကာတွန်းငယ်ဦးက “နိုင်ငံတကာ ကာတွန်း ပြပွဲ၊ ပြိုင်ပွဲမှာ Human Rights Commission  ရဲ့ ဒီပလို မာ လက်မှတ်ရရှိတာ ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့ ကာတွန်းသမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ဆိုရပါ မယ်”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကာတွန်း လက်ရာများအား ပေးပို့ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ကာတွန်းငယ်ဦး၏ လက်ရာမှာ မြန်မာကိုယ်စားပြုလက်ရာ အဖြစ်ပေးပို့ခဲ့ခြင်းဖြစ်ကာ Human Rights Commission ၏ Diploma ရရှိခဲ့ခြင်းဖြစ်သည်။ ကာတွန်းငယ် ဦးသည် အခြားသော နိုင်ငံတကာကာတွန်း ပြိုင်ပွဲများ၌ ဆုများလည်းရရှိခဲ့သူဖြစ်သည်။

Most Read

Most Recent