Locarno Film Festival Open Doors 2018 အတွက် မြန်မာဒါရိုက်တာနှစ်ဦး ရွေးချယ်ခံထားရပြီး မြန်မာဇာတ်ကားတိုနှစ်ကားလည်း ပြသခွင့်ရရှိမည်

Locarno Film Festival Open Doors 2018 အတွက် မြန်မာဒါရိုက်တာနှစ်ဦး ရွေးချယ်ခံထားရပြီး မြန်မာဇာတ်ကားတိုနှစ်ကားလည်း ပြသခွင့်ရရှိမည်
Published 16 July 2018

Locarno Film Festival Open Doors 2018 အတွက် မြန်မာဒါရိုက်တာ  နှစ်ဦးရွေးချယ်ခံထားရကာ မြန်မာဒါရိုက်တာနှစ်ဦး၏ ဇာတ်ကားတိုနှစ်ကားကိုလည်း ပြသခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၁ ရက်တွင် စတင်ကျင်းပသွားမည့် Locarno Film Festival တွင် Open Doors Screenings အဖြစ် မြန်မာဒါရိုက် တာနှစ်ဦးဖြစ်သည့် ဒါရိုက်တာဝီရနှင့် အောင်ဖြိုးတို့၏ ဇာတ်ကားတိုများကို ပြသခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ရုပ်ရှင်ပညာရှင်များနှင့်ပူး ပေါင်းလုပ်ဆောင်ခွင့်များရရှိမည့် Open Doors Hub အစီအစဉ်အတွက် ဒါရိုက်တာသည်မော်နိုင်၏ The Woman ဟုအမည်ပေးထားသော ဇာတ်ကားစီမံချက်အား ရွေးချယ်ထားကာ ဇာတ်ကား၏ project development stage အတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် Open Doors Lab အတွက် Electronic Pictures မှထုတ်လုပ်သူမအိမ့်အား ရွေးချယ်ထားကြောင်း သိရသည်။

Open Doors Screenings အတွက် ဒါရိုက်တာဝီရ၏ The Robe  ဇာတ်ကားနှင့် ဒါရိုက်တာ အောင်ဖြိုး၏ Seasonal Rain ဇာတ်ကားများကို ပြသသွားမည်ဖြစ်သည်။ ဒါရိုက်တာဝီရမှာ Myanmar Script Fund 2016 ၏ Finalist တစ်ဦးဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များစွာသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသူတစ်ဦးဖြစ်ကာ ၎င်းဖန်တီးခဲ့သည့် ဇာတ်ကားတိုများမှာလည်း ဆုများရရှိထားသည်။ ဒါရိုက်တာ အောင်ဖြိုးမှာ ဒါရိုက်တာဝီရမှာ Myanmar Script Fund 2017 ၏ Finalist  တစ်ဦး ဖြစ်သည်။

Open Doors Hub အတွက် ရွေးချယ်ခံထားရသည့် ဒါရိုက်တာ သည်မော်နိုင်မှာ ဒါရိုက်တာဝီရမှာ Myanmar Script Fund 2017 ၏ Finalist တစ်ဦးဖြစ်ကာ Open Doors Lab အတွက် ရွေးချယ်ခံထားသည့် မအိမ့်မှာလည်း ဒါရိုက်တာဝီရမှာ Myanmar Script Fund 2016 အတွက် ရွေးချယ်ခံခဲ့ရသူ တစ်ဦးဖြစ်သည်။

Locarno Film Festival မှာ ဆွစ်ဇာလန်နိုင်ငံ၌ သြဂုတ် ၁ ရက်မှ ၁၁ ရက် အထိကျင်းပမည်ဖြစ်ပြီး အရှေ့အာရှနိုင်ငံများမှရုပ်ရှင် ဇာတ်ကားစီမံချက်များအား ဖိတ်ခေါ်ခဲ့ပြီး အကောင်းဆုံးဇာတ်ကား စီမံချက် ရှစ်ခုအားရွေးချယ်ကာ ပူးပေါင်းဖန်တီးမှုပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ Locarno Film Festival ၏ Open Doors Hub  အစီအစဉ်တွင် အခြားသော မြန်မာဒါရိုက်တာတစ်ဦးဖြစ်သည့် ဒါရိုက်တာဝီရ၏ ဇာတ်ကားစီမံချက်တစ်ခုလည်း ရွေးချယ်ခံခဲ့ရဖူးကြောင်း သိရသည်။

Open Doors Hub  အတွက် ဇာတ်ကားစီမံချက်ရှစ်ခုနှင့်အတူ ထုတ်လုပ်သူ ကိုးဦးကို ဖိတ်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ဖိတ်ကြားခံရသည့် ဒါရိုက်တာ သည်မော်နိုင်ဖန်တီးခဲ့သည့် ‘The Monk’ ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၌ ပြသခွင့်ရရှိကာ ဆုများလည်း ရရှိထားသည်။

 

Most Read

Most Recent