ထူးခြားဆန်းသစ်သည့် ဂီတတင်ဆက်ဖျော်ဖြေမှုများဖြင့် NUAC Music Showcase 2018 ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်အများအပြား လာရောက်အာပေးကြည့်ရှု

ထူးခြားဆန်းသစ်သည့် ဂီတတင်ဆက်ဖျော်ဖြေမှုများဖြင့် NUAC Music Showcase 2018 ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်အများအပြား လာရောက်အာပေးကြည့်ရှု
Published 14 July 2018

NUAC Music Showcase 2018 ဖျော်ဖြေပွဲကို ဇူလိုင် ၁၃ရက် ညပိုင်း၌ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်အများအပြား လာရောက်အားပေးကြည့်ရှုခဲ့သည်။

အကယ်ဒမီ ဓီရာမိုရ် ဦးဆောင်သည့် သံစုံတီးဝိုင်းအဖွဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်က အမျိုးသားကဇာတ်ရုံတွင် စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ ဟန်ထူးလွင် စသည့် ဂီတပညာရှင်များနှင့် ပူးပေါင်း၍ နှစ်စဉ်ဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ပြီး  ယခု ပြုလုပ်သည့် ဖျော်ဖြေပွဲသည် တတိယအကြိမ်မြောက် ဖြစ်သော်လည်း ယခင်နှစ်ကြိမ်တွင် လာရောက်ဖျော်ဖြေသည့် တေးသံရှင်များအား အားဖြည့် ဖျော်ဖြေသည့် ပုံစံဖြစ်သည်။

ယခု ပြုလုပ်သည့် NUAC Music Showcase 2018  ဖျော်ဖြေပွဲတွင် အကယ်ဒမီဓီရာမိုရ်က  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(NUAC) မှ သူ၏ ဂီတမျိုးဆက်သစ် လူငယ်များစွာတို့ဖြင့် NUAC Ochestra အဖွဲ့၏ ဂီတအဆင့်အတန်းကို ပြသခဲ့ပြီး သံစုံတီးဝိုင်းအဖွဲ့၏ ဖျော်ဖြေမှုအား နာမည်ကျော်တေးသံရှင်များက အားဖြည့်ဖျော်ဖြေသည့် ပုံစံမျိုးကို မြင်တွေ့ရသည်။

ဖျော်ဖြေပွဲတွင် ဓီရာမိုရ်ကိုယ်တိုင် Musi Director အဖြစ် စီစဉ်တင်ဆက်သည့် တက္ကသိုလ်နောက်ခံ ဂီတဇာတ်လမ်းဖြင့် ဖျော်ဖြေပွဲကို စတင်ခဲ့ပြီး နာမည်ကျော် တေးသံရှင် နီနီခင် ဇော် နှင့် အောင်ထက်တို့က တေးသရုပ်ဖော်မှုများ ပြုလုပ်ပေးခဲ့သည်။

ထို့နောက်တွင် ဓီရာမိုရ် ၏ တပည့် ဖြစ်သူက Music Diector အဖြစ် စီစဉ်ဆောင်ရွက်ပြီး ဒီဂျေဝိုင်းနဲ့အတူ အစွမ်းပြ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ရာတွင် အကယ်ဒမီ ဓီရာမိုရ်က တယောတီးခတ်ပြီး ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဂီတပညာရေးကို အခြေခံ တင်ဆက်သည့် NUAC Music Showcase 2018  ဖျော်ဖြေပွဲတွင် အခြားသော နာမည်ကျော် တေးသံရှင်များ ဖြစ်သည့်  R ဇာနည်၊ ဝိုင်းစုခိုင်သိန်းတို့ လည်း လာရောက်ဖျော်ဖြေခဲ့ပြီး ရဲလေး၊ ဂျို ကာ စသည့် နာမည်ကျော် အနုပညာရှင်များနှင့် ပရိသတ် အများအပြား လာရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent