ဇူလိုင် ၁ ရက်တွင်ကျင်းပမည့် Big Bag အဖွဲ့၏ Unplugged Show အတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက်လေ့ကျင့်မှုများ ပြုလုပ်

ဇူလိုင် ၁ ရက်တွင်ကျင်းပမည့် Big Bag အဖွဲ့၏ Unplugged Show အတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက်လေ့ကျင့်မှုများ ပြုလုပ်
Published 25 June 2018

ဇူလိုင် ၁ ရက်တွင်ကျင်းပမည့် Big Bag အဖွဲ့၏ Unplugged Show အတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက် လေ့ကျင့်မှုများ အားပြုလုပ်လျက်ရှိကြောင်း သိရသည်။ Big Bag အဖွဲ့၏ Unplugged Show တွင် တင်ဆက်သွားမည့် ဖျော်ဖြေမှုများအတွက် အကယ်ဒမီ ဓိရာမိုရ်ဦးဆောင်သည့် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက် ပြင်ဆင်မှုများအားပြုလုပ်နေခြင်း ဖြစ်သည်။ Big Bag အဖွဲ့သည် A Road to Starry Night ဟု အမည်ပေးထားသည့် Unplugged Show ကို ဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့ Myanmar Event Park ၌ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အတွက်က ဒီပွဲက milestone လိုမျိုးဖြစ်နေတာပေါ့။ ၂၀၀၈ တုန်းကတစ်ခါလောက် စီစဉ်ခဲ့ဖူးပေမယ့် organizer က တစ်ပတ်လောက်အလိုမှ cancle လုပ်ခဲ့ဖူးတယ်။ အဓိကအခက်အခဲကတော့ အခုဒီပွဲမှာ ကျွန်တော်တို့ သီချင်းတွေမှာ distortion အသံတွေ မသုံးရဘူး။ distortion အသံတွေ အများကြီးသုံးတဲ့ band တစ်ခု အတွက်တော့ အဓိက chanllange ပေါ့။ ပြီးတော့ orchestra ပါမယ်။ အဆိုးဆုံးက စင်ပေါ်မှာ အရင်လို လုပ်ချင်တိုင်း free style လျှောက်လုပ်လို့မရဘူး။ ကိုယ့်အချင်းချင်းက အရမ်းကြီးညှိစရာမလိုဘူး။ စင်ပေါ်မှာလွတ်လွတ်လပ်လပ် ဆိုရုံပဲ။ orchestra နဲ့ကျတော့ notes အတိအကျ၊ bar အရေအတွက် အတိအကျနဲ့ လုပ်ရတာ။ ကိုယ်တိုက်ထားတဲ့အတိုင်း အတိအကျလုပ်ရမှာလေ။ ဖန်တီးမှုအပိုင်းမှာတော့ orchestra နဲ့ပေါင်းပြီး တီးခတ်ခြင်းအားဖြင့် limit မရှိတော့ဘူး။ သီချင်းအများစုက အခွေထဲကပုံစံတွေကို မေ့လိုက်ပြီး ပုံစံသစ်တစ်ခု ဖန်တီးကြမယ်။ orchestra အတွက် နေရာတွေပေးချင်လာကြတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ပရိသတ်တွေကိုပေးချင်တဲ့ taste ကတော့ အများအားဖြင့် ကျွန်တော်တို့ကို ပရိသတ်က noise ဖြစ်တာနဲ့ အဲဒီလိုတွေမြင်ထားတာဆိုတော့ အခုမှာတော့ fully arranged ပေါ့။ ရှေ့မှာမုဒ်တွေဝင်ပြီး လုပ်ချင်တိုင်းလုပ်ထားတဲ့ ဖန်တီးမှုတွေကို အခုကတော့ serious arrangement တစ်ခုအောက်မှာ စလုပ်တာပေါ့။ ဒီပွဲနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ဒီပွဲအတွက် အများကြီး ပြင်ဆင်ထားသလိုပဲ ပရိသတ်တွေကလည်း ကျွန်တော်တို့ ဘာတွေလုပ်ပြထားမလဲ ဆိုတဲ့စိတ်နဲ့ လာကြည့်ရင်တော့ပိုကောင်းမယ်ထင်ပါတယ်။ အဲဒီလိုဖြစ်မယ်လို့လည်း ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့က Starry Night Tour လုပ်မယ်ဆိုပြီးစတည်တာ။ အဲဒီအတွက် ဒီ Theme နဲ့ပဲဆက်သွားမယ်ဆိုတာကို အသိပေးတဲ့သဘောနဲ့ ဒီပွဲကိုစလုပ်တာ။ ဒါကြောင့်လည်း Road to Starry Night ဆိုပြီး နာမည်ပေးဖြစ်တာပါ။ ကျွန်တော်ကတော့ ဒီပွဲနဲ့ပတ်သက်ပြီး  လက်မှတ်ဝယ်ရတဲ့ပိုက်ဆံတစ်ပြား မကျန်တန်မယ်လို့ ထင်ပါတယ်” ဟု ကျားပေါက်က ဆိုသည်။

Most Read

Most Recent