MTV ဆုပေးပွဲတွင် Black Panther က အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် ဆုလေးဆု ရရှိ

MTV ဆုပေးပွဲတွင် Black Panther က အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် ဆုလေးဆု ရရှိ
Published 20 June 2018

MTV ဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူ တစ်ဖနီဟက်ဒစ်နှင့် ဂီတမှတ်တမ်းရုပ်ရှင်ဆုရရှိသည့် လေဒီဂါဂါကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် MTV ရုပ်ရှင်နှင့် ရုပ်သံ ဆုပေးပွဲတွင် စူပါဟီးရိုးဇာတ်ကား Black Panther က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆုလေးဆု ရရှိခဲ့သည်။

မာဗယ်၏ စူပါဟီးရိုးဇာတ်ကား Black Panther ၏ အဓိကဇာတ်ကောင် Chadwick Boseman က အကောင်းဆုံးဟီးရိုးနှင့် အကောင်းဆုံး သရုပ်ဆောင်ဆုရရှိခဲ့ပြီး Black Pather ၏ ရန်ဘက်အဖြစ် သရုပ်ဆောင်ခဲ့သည့် မိုက်ကယ်ဘီဂျော်ဒန်က အကောင်းဆုံး ဗီလိန်ဇာတ်ကောင်ဆု ရရှိခဲ့သည်။

“စူပါဟီးရိုးဇာတ်ကောင်အတွက် ဒီဆုကိုရလို့  မယုံနိုင်လောက်အောင် အံ့အားသင့် ခဲ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာရှိတဲ့ ဟီးရိုးတွေကို အသိအမှတ်ပြုဖို့ ပိုပြီးအရေးကြီးပါတယ်” ဟု အသက် ၄၀ အရွယ်ရှိ Boseman က လူ့အသက်များစွာကို ကယ်တင်ခဲ့သည့် ဂျိမ်းစ်ရှောဂျူနီယာကို ရည်ညွှန်း ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဂျိမ်းစ်ရှော ဂျူနီယာသည် ဧပြီတွင် တင်နက်ဆီရှိ Waffle House စားသောက်ဆိုင်၌ သေနတ်သမားတစ်ဦးကို တိုက်ခိုက်ခဲ့ပြီး လူ့အသက်များကို ကယ်တင်ခဲ့သူဖြစ်သည်။

Netflix ၏ အောင်မြင်သည့်ဇာတ်လမ်းတွဲ Stranger Things က အကောင်းဆုံး  ရုပ်သံဇာတ်လမ်းတွဲဆု၊ အမျိုးသားသရုပ်ဆောင်ဆု အပါအဝင် ဆုသုံးဆုရရှိခဲ့သည်။

၂၀၁၈ ခုနှစ် MTV ရုပ်ရှင်နှင့် ရုပ်သံ ဆုပေးပွဲကို ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့ပြီး  အမေရိကန်သရုပ်ဆောင်တစ်ဖနီဟက်ဒစ်က အစီအစဉ်တင်ဆက်ခဲ့သည်။ ဇာတ်ကားများနှင့် သရုပ်ဆောင်များကို ရွှေပြောင်းဖူး ပေါက်ပေါက်ရုပ်တုဖြင့် ဂုဏ်ပြုခဲ့သည့် ယင်းဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်လုပ်သူနှင့် MTV အမှုဆောင်များက ဆုံးဖြတ်ခဲ့ပြီး ဆုကို ပရိသတ်က အွန်လိုင်းမှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။  ဆုပေးပွဲအစီအစဉ်ကို ဇွန် ၁၈ ရက်မှသာ  MTV ရုပ်သံမှ ထုတ်လွှင့် ပြသခဲ့သည်။

ယခုနှစ်ဆုပေးပွဲတွင် ဟက်ဒစ်က  Girls Trip ဇာတ်ကားဖြင့် Best Comedic Performance ဆု ရရှိခဲ့သည်။ Wonder Woman ဇာတ်ကားတွင် အဓိကဇာတ်ကောင်ဖြင့် ပါဝင်ခဲ့သည့် ဂဲလ်ဂါဒေါ့က Best ဆုကိုရှိခဲ့ပြီး အကောင်းဆုံးဂီတမှတ်တမ်းရုပ်ရှင်ဆုကို Gaga: Five Foot Two က ရရှိခဲ့သည်။ အကောင်းဆုံး ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ်ဆုကို The Kardashians က ရရှိခဲ့သည်။

Most Read

Most Recent