တေးသံရှင် Rဇာနည်၊ အောင်ထက်၊DJ Wine ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ နီနီခင်ဇော်တို့ ပါဝင်မည့် NUAC Orchestra Music Showcase ပြုလုပ်မည်

တေးသံရှင် Rဇာနည်၊ အောင်ထက်၊DJ Wine ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ နီနီခင်ဇော်တို့ ပါဝင်မည့် NUAC Orchestra Music Showcase ပြုလုပ်မည်
Published 19 June 2018

တေးသံရှင် Rဇာနည်၊ အောင်ထက်၊ DJ Wine ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ နီနီခင်ဇော်တို့ပါဝင်မည့် NUAC Orchestra Music Showcase  ကို ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဂီတဖျော်ဖြေပွဲတွင် Music Director အဖြစ် အကယ်ဒမီဓိရာမိုရ်က ဆောင်ရွက်မည်ဖြစ်ပြီး တေးသံရှင်များ၏ ဖျော်ဖြေမှုများအား သံစုံတီးဝိုင်းများဖြင့်တွဲဖက်ကာ တင်ဆက်ရန်စီစဉ်ထားခြင်း ဖြစ်သည်။

“NUAC Orchestra Music Showcase ပွဲက အရင်နှစ်တွေကလည်း လုပ်ဖြစ်တယ်။ အခုနှစ်လည်းတစ်ပွဲလုပ်ဖို့ စီစဉ်တဲ့အခါ ပါဝင်မယ့်တေးသံရှင်တွေကို ရွေးချယ်ပြီး သူတို့နဲ့တိုင်ပင်ထားတာ တွေရှိတယ်။ သူတို့ရဲ့ ပရိသတ်တွေကြားထဲက ထင်ရှားတဲ့သီချင်းတွေကို သံစုံတီးဝိုင်းနဲ့တွဲဖက်ပြီး နောက်ထပ်ရသအသစ်တစ်မျိုးရရှိအောင် ဖန်တီးမယ်။ အဲဒီအတွက် အများကြီးပြင်ဆင်ထားတယ်။ သီချင်းတိုက်တာတွေကို ဇွန်လကုန်လောက်မှာလုပ်ဖို့ ပြင်ဆင်ထားပါတယ်” ဟု အကယ်ဒမီဓိရာမိုရ်က ဆိုသည်။

တေးသံရှင် နီနီခင်ဇော်က “နီနီ့အတွက် ရင်ခုန်ရတဲ့ပွဲပါ။ ကိုဓိရာမိုရ်ရဲ့ ဖန်တီးမှုကောင်းတဲ့အနုပညာ၊ သံစုံတီးဝိုင်းရဲ့ ပံ့ပိုးတီးခတ်မှုတွေနဲ့ နီနီတို့အဆိုပညာကို ပေါင်းစပ်ပြီး ပရိသတ်တွေအတွက် နောက်ထပ်ရသအသစ်တစ်မျိုး ဖန်တီးပေးနိုင်မှာဖြစ်လို့ ရင်ခုန်ရပါတယ်။ တခြားသော ပွဲတွေထက်ကို ပိုပြီးစိတ်လှုပ်ရှားတယ်။ နီနီ့တစ်ကိုယ်တော်ပွဲတုန်းက ခံစားမှုလိုပါပဲ။ နိုင်ငံတကာမှာလည်း သံစုံတီးဝိုင်းတွေနဲ့ တွဲဖက်ပြီး Musicl ရသ တင်ဆက်တာမျိုးက အရမ်းတာဝန်ကြီးပါတယ်။ နီနီတို့လည်း ဒီပွဲအတွက်အများကြီး ပြင်ဆင်သွားမှာပါ” ဟုဆိုသည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်များရောင်းချသွားမည်ဖြစ်ကာ ဈေးနှုန်းများကို ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ NUAC Orchestra ဂီတဖျော်ဖြေပွဲအား နှစ်စဉ်ကျင်းပ နေခြင်းဖြစ်ကာ ယခင်နှစ်များကလည်း ပါဝင်သည့်တေးသံရှင်များနှင့် Orchestra အဖွဲ့၏ အချိုးညီညီ တင်ဆက်မှုတို့ကြောင့် ပရိသတ်အားပေးမှု များပြားခဲ့သည့်ဂီတပွဲဖြစ်ကာ ယခုနှစ်တွင်လည်း စတ်ဝင်စားမှု များပြားလျက်ရှိသည်။

Most Read

Most Recent