w Avengers : Infinity War ဇာတ်ကား ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာနှစ်ဘီလျံကျော်ရရှိ - Eleven Media Group <

Avengers : Infinity War ဇာတ်ကား ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာနှစ်ဘီလျံကျော်ရရှိ

စူပါဟီးရိုးဇာတ်ကား  Avengers: Infinity War သည်  ဖြန့်ချိပြီး သီတင်းခုနစ်ပတ်အကြာတွင် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ၀င်ငွေစုစုပေါင်း ဒေါ်လာနှစ်ဘီလျံကျော် ရရှိခဲ့သည်ဟု ဒစ္စနေက ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒါရိုက်တာ အန်တိုနီနှင့် ဂျိုးရက်ပ်ဆိုတို့ ရိုက်ကူးပြီး ရောဘတ်ဒေါင်းနင်းဂျူနီယာ၊ ခရစ်ဟမ်းစ်ဝါ့သ်၊ မက်ရက်ဖ်ဖလို၊ ခရစ်အီ ဗန်၊ စကားလက်ဂျိုဟန်ဆန်၊ ဘီနီဒက်ကမ်ဘာဘာ့ခ်ျ၊ ခရစ်ပရတ်၊ အလိဇဘတ်အော်ဆန်၊ ပေါလ်ဘတ်တနီ၊ ဇိုးဆယ်ဒါနာ၊ တွမ် ဟော်လန်၊ီ  Don Cheadle  နှင့် Anthony Mackie တို့ ပါဝင်သည့် ယင်းဇာတ်ကားသည် Avatar ၊ Titanic  နှင့် Star Wars: The Force Awakens ဇာတ်ကားတို့ပြီးလျှင် ၀င်ငွေ ဒေါ်လာ နှစ်ဘီလျံကျော် ရရှိခဲ့သည့် စတုတ္ထ မြောက်ဇာတ်ကား ဖြစ်လာခဲ့သည်။

ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ အများဆုံး ဇာတ်ကားစာရင်းတွင် ၂၀၀၉ ခုနှစ်က ဖြန့်ချိခဲ့သည့်  Avatar ဇာတ်ကားက ဒေါ်လာ ၂ ဒသမ ၇၉ ဘီလျံဖြင့် နံပါတ် (၁) နေရာတွင် ရပ်တည်ခဲ့ပြီး ၁၉၉၇ ခုနှစ်ကဖြန့်ချိခဲ့သည့် Titanic  နှင့် ၂၀၁၅ ခုနှစ်က ဖြန့်ချိ ခဲ့သည့ှ်Star Wars: The Force Awakens တို့က ဒေါ်လာ ၂ ဒသမ ၁၉ ဘီလျံနှင့် ဒေါ် လာ ၂ ဒသမ ၀၇ ဘီလျံတို့ဖြင့် ဒုတိယနှင့် တတိယနေရာတို့တွင် ရပ်တည်ခဲ့သည်။

ပွဲဦးထွက်ဖြန့်ချိမှုဝင်ငွေအများဆုံး ဇာတ်ကားအဖြစ်လည်း စံချိန်တင်ခဲ့သည့် Infinity War သည် အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် ဒေါ်လာ ၆၅၆ ဒသမ  ၁ သန်း ဖြင့် ပဉ္စမမြောက် ၀င်ငွေအများဆုံး ဇာတ်ကားနှင့် တရုတ်နိုင်ငံတွင် ဒေါ်လာ ၃၆၉ ဒသမ ၇ သန်းဖြင့် တတိယမြောက် ၀င်ငွေ အများဆုံး ဇာတ်ကားအဖြစ် ရပ်တည်ခဲ့သည်။

June 14, 2018














Copy Protected by Chetan's WP-Copyprotect.