Miss Myanmar International ဆန်ခါတင်အလှမယ် ၂၀ ရွေးချယ်ထားပြီး မဲပေးရွေးချယ်မှုများအား ဇွန် ၁၂ ရက်ထိ ပြုလုပ်နိုင်

Miss Myanmar International ဆန်ခါတင်အလှမယ် ၂၀ ရွေးချယ်ထားပြီး မဲပေးရွေးချယ်မှုများအား ဇွန် ၁၂ ရက်ထိ ပြုလုပ်နိုင်
Published 4 June 2018

Miss Myanmar International အလှမယ်ပြိုင်ပွဲ၏ ဆန်ခါတင်အလှမယ် ၂၀ အား ရွေးချယ်ထားပြီးဖြစ်ကာ အဆိုပါ အလှမယ်များအား မဲပေးရွေးချယ်မှုများကို ဇွန် ၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆန်ခါတင် ၂၀ ဦးတွင် ပါဝင်သည့် အလှမယ်များအား ကော့သောင်း ညောင်ဦးဖီးကျွန်းတွင် ဓာတ်ပုံများသွား ရောက်ရိုက်ကူးပေးပြီးနောက် Miss Myanmar International Facebook တွင် တင်ပေးထားကြောင်း သိရသည်။

ဆန်ခါတင်အလှမယ် ၂၀ ဦးအဖြစ် ရွေးချယ်ခံထားရသူများမှာ ပိုးအိမ့်ဇင်၊ ဖြိုးပပထူး၊ ချစ်နိုးဒီဆောင်း၊ ဟိန်းဇာနည်ခိုင်၊ အင်ကြင်းမေ၊ Masie May၊ Ja Htoi Pan Maran၊ Maran Ja Tsin၊ N Seng Nu Aung၊ Ja Dim Aung၊ နေခြည်ထက်၊ အိသန္တာအောင်၊ ခင်စကားဝါဝင်း၊ ချစ်မေတ္တာချို၊ သင်ဇာကျော်၊ ရွှန်းယမုံ၊ ဝင်းသီရိအောင်၊ ဝင့်ပိုပိုထွန်း၊ သဲသဲဆုငြိမ်း၊ မေယုခေတ္တာတို့ဖြစ်ကြောင်း သိရသည်။

ဆန်ခါတင် အလှမယ်များထဲမှ ကြိုက်နှစ်သက်ရာ အလှမယ်များအား ရွေးချယ်ကာ SMS voting ပေးပို့နိုင်မည်ဖြစ်ပြီး Grand Final တွင် Top Ten Finalist ရွေးချယ်ရာ၌ ပရိသတ်များ၏ voting အမှတ် ၄၀ ရာခိုင်နှုန်းအား ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။

Voting များအား ဇွန် ၁ ရက်တွင် စတင်မဲပေးနိုင်မည်ဖြစ်ကာ ဇွန် ၁၂ ရက်ညနေ ၆ နာရီအထိ မဲပေးရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဇွန် ၁၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့နိုဗိုတယ် ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကာ Winner ဆုရရှိသူ အနေဖြင့် ဂျပန်နိုင်ငံတွင် ပြုလုပ်မည့် Miss International ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ဆန်ခါတင်ပြိုင်ပွဲဝင်များ အနေဖြင့် လက်ရှိတွင် စခန်းသွင်းလေ့ကျင့်မှုများ အားပြုလုပ်လျက်ရှိကာ နောက်ဆုံးအဆင့်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ လင်းလင်းခိုင်

Most Read

Most Recent