၂၀၁၈ ခုနှစ်အတွက် Billboard ဂီတဆုပေးပွဲ ကျင်းပ

၂၀၁၈ ခုနှစ်အတွက် Billboard ဂီတဆုပေးပွဲ ကျင်းပ
Published 22 May 2018

၂၀၁၈ ခုနှစ် Billboard ဂီတဆုပေးပွဲကို မေ ၂၀ ရက် ညပိုင်းက လပ်စ်ဗီးဂတ်စ်ရှိ MGM Grand Garden ပွဲခင်းထဲတွင် ကျင်းပခဲ့သည်။ အခမ်းအနားအစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည့် ကယ်လီကလက်ဆန်သည်  တက္ကဆက်မှ  Santa Fe  အထက်တန်းကျောင်း ပစ်ခတ်မှုအတွင်း သေဆုံးသူများကို ရည်စူးပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဆုပေးပွဲညအတွင်း ဂျွန်လက်ဂျန်၊ ခရစ်စတီးနာအဂွီလီရာ၊ ဒီမီလိုဗာတာ၊ အက်ဒ်ရှီရန်၊ အရီယားနာဂရန်ဒီ၊ BTS  အစရှိသည့် အနုပညာရှင်များက ဖျော်ဖြေခဲ့ကြသည်။ ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS  မှာ မူ Billboard အခမ်းအနားတွင် ပါဝင်ဖျော်ဖြေခဲ့သော ပထမဆုံးကိုရီးယားအနုပညာရှင်များ ဖြစ်လာခဲ့သည်။

ဆုပေးပွဲအတွင်း Fake Love သီချင်းဖြင့် ဖျော်ဖြေခဲ့သည့် BTS သည် ထိုဆုပေးပွဲ ညတွင် အကောင်းဆုံးဆိုရှယ်ဆုကိုလည်း ရရှိခဲ့သည်။

ကန်းဒရစ်လာမာ၊ ဘရူနိုမားစ်၊ အက်ဒ်ရှီရန်တို့သည် ဆန်ခါတင်ဆုစာရင်း ၁၅ ဆုစီ ဝင်ခဲ့ကြသူများဖြစ်ပြီး အက်ဒ်ရှီရန်မှာမူ အကောင်းဆုံးအနုပညာရှင်ဆု၊ အကောင်းဆုံး အမျိုးသားအနုပညာရှင်ဆုအပါအဝင် ဆုလေးဆုကို သိမ်းပိုက်နိုင်ခဲ့သည်။ တေလာဆွစ်မှာမူ အကောင်းဆုံးအမျိုးသမီး အနုပညာရှင်ဆုကို ရရှိသွားခဲ့သည်။

အကျော်ကြားဆုံးတေးသီချင်းဆုကို Despacito က ရရှိသွားခဲ့ပြီး ထိပ်တန်းတေး အယ်ဘမ်ဆုကို ကန်းဒရစ်လာမာ၏ Damn က ရရှိသွားခဲ့သည်။

Most Read

Most Recent