ကိုရီးယားနှင့် မြန်မာအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည့် Rock Concert & EDM ဖျော်ဖြေပွဲကို ဇွန် ၂ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်

ကိုရီးယားနှင့် မြန်မာအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည့် Rock Concert & EDM ဖျော်ဖြေပွဲကို ဇွန် ၂ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်
Published 20 May 2018

ကိုရီးယားနှင့် မြန်မာအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည့် Rock Concert & EDM ဖျော်ဖြေပွဲကို ဇွန် ၂ ရက်တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနှင့် မြန်မာအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည့် Rock Concert & EDM ဖျော်ဖြေအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို မေလ ၁၈ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းရှိ Vintage Luxury Yacht Hotel ၌ ပြုလုပ်ခဲ့သည်။

“ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ယဉ်ကျေးမှုဖလှယ်တဲ့ ပွဲအနေနဲ့ရော ချစ်ကြည်ရေးပွဲအနေနဲပါ။ ဒီ Rock Concert & EDM ဖျော်ဖြေပွဲကို ကျင်းပခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ပါဝင်ဖျော်ဖြေကြမယ့် နှစ်နိုင်ငံက အနုပညာရှင်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်တွေလည်း ဒီပွဲကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်” ဟု Rau Entertainment မှ C.E.O ဖြစ်သူ Cho Sung-Woo က စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောကြားသည်။

ကိုရီးယားနှင့် မြန်မာအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည့် Rock Concert & EDM ဖျော်ဖြေပွဲတွင် ကိုရီးယားမှ အမျိုးသမီး Rock အဖွဲ့ဖြစ်သည့် SoeHcon Tak Band နှင့် DJ Kiara Lee တို့ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။ မြန်မာအနုပညာရှင်များတွင် Arashi Music Band နှင့်အတူ ဂျီလတ်၊ လှိုင်ဦးမော်၊ Lega၊ Hi Bird Music Band နှင့်အတူ ဖြူဖြူကျော်သိန်းက ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံဘက်မှ DJ Andrew Raymondo တို့လည်း ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။

“ဒီပွဲက နှစ်နိုင်ငံချစ်ကြည်ရေးရော ယဉ်ကျေးမှုဖလှယ်ပွဲအနေနဲ့ပါ ကျင်းပမယ့်ပွဲဖြစ်တဲ့အတွက် ပါဝင်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။ ဖြူဖြူအနေနဲ့ ဒီဖျော်ဖြေပွဲမှာ ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းငါးပုဒ် ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်” ဟု ဖြူဖြူကျော်သိန်းက ဆိုပါသည်။

အဆိုပါဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်းများကို ငွေကျပ်နှစ်သောင်းနှင့် ငွေကျပ်တစ်သောင်း အသီးသီးသတ်မှတ်ထားသည်ဟု သိရသည်။

Most Read

Most Recent