တေးသံရှင် ပိုပိုဟေသာ၏ ဒုတိယမြောက်အယ်လ်ဘမ်သစ် “ရှစ်ခွင်တိုင်း” ကို မေ ၁၇ ရက်တွင် စတင်ဖြန့်ချိထား

တေးသံရှင် ပိုပိုဟေသာ၏ ဒုတိယမြောက်အယ်လ်ဘမ်သစ် “ရှစ်ခွင်တိုင်း” ကို မေ ၁၇ ရက်တွင် စတင်ဖြန့်ချိထား
Published 19 May 2018

တေးသံရှင်ပိုပိုဟေသာ၏ ဒုတိယမြောက်အယ်လ်ဘမ်သစ် ‘ရှစ်ခွင်တိုင်း” ကို မေ ၁၇ ရက်တွင် စတင်ဖြန့်ချိထားကြောင်း သိရသည်။ ယင်းအယ်လ်ဘမ်တွင် တေးရေး ညီညီသွင်၊ ဇဝါ၊ ကျားပေါက်၊ ကမ္ဘာ၊ ဝေလ၊ ဇော်ထွန်း၊ ညီလတ်၊ E . M နှင့် တေးသံရှင် ပိုပိုဟေသာ ကိုယ်တိုင်ရေးသားထားသည့် တေးသီချင်းသစ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတေးအယ်လ်ဘမ်ကို Smart Lion Entertainment ၏ ပွဲဦးထွက်တင် ဆက်မှုအဖြစ် ဖြန့်ချိထားခြင်းဖြစ်ကြောင်း သိရသည်။

“ညီမရဲ့ ဒီအယ်လ်ဘမ်လေးကို အချိန်နှစ်နှစ်ကျော်လောက်ယူပြီးမှ ထွက်နိုင်ခဲ့တာပါ။ သီချင်းတစ်ပုဒ်ချင်းစီကို စိတ်တိုင်းကျပြီးမှပဲ ထွက်ဖြစ်တယ်။ သီချင်းအကြောင်းအရာ၊ သီချင်းပုံစံတွေကအစ သေချာလေးရွေးချယ် သီဆိုထားပါတယ်။ သီချင်းပုံစံလေးတွေကတော့ ညီမအသံနဲ့ လိုက်ဖက်တဲ့သီချင်းလေးတွေများတယ်။ ပရိသတ်တွေလည်း ညီမအခွေသစ်လေးကို အချိန်တော်တော်ကြာ စောင့်လိုက်ရတဲ့အတွက် အားနာပါတယ်။ အခု ဒီအခွေလေးကို နားဆင်ကြည့်ပါ။ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားထားတာကြောင့် စိတ်ကျေနပ်မှုရမယ်လို့လည်း မျှော်လင့်ပါတယ်။ သီချင်းလေးတွေကတော့ အချစ်သီချင်းလေးတွေများပါတယ်။ အခွေထဲမှာပါတဲ့သီချင်းလေးတစ်ပုဒ်ရဲ့ Lyrics ဗီဒီယိုဖိုလ်လေးကိုလည်း အွန်လိုင်းမှာ တင်ထားပါတယ်” ဟု တေးသံရှင်ပိုပိုဟေသာက ဆိုသည်။

‘ချစ်တဲ့စိတ်ဆိုတာ’ တေးသီချင်းဖြင့် ပရိသတ်ချစ်ခင်အားပေးမှု အများအပြားရရှိခဲ့သည့် တေးသံရှင်ပိုပိုဟေသာသည် ပထမဆုံး တစ်ကိုယ်တော်ခွေထွက်ရှိရာ၌လည်း ပရိသတ်အားပေး လက်ခံမှုများပြားခဲ့သည်။ ယခုအခါ ပထမအယ်လ်ဘမ်ထွက်ရှိပြီး  အချိန်နှစ်နှစ်ကျော်ကြာမြင့်ပြီးမှသာ ဒုတိယ  မြောက်အယ်လ်ဘမ်ကို ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ ‘ရှစ်ခွင်တိုင်း’ အယ်လ်ဘမ်တွင် ပါဝင်ထားသည့် ‘လေပြေလေညင်း’ ဟု အမည်ပေးထားသည့် တေးသီချင်း၏ Lyrics ဗီဒီယိုကိုလည်း အွန်လိုင်းတွင် တင်ထားပေးခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent