မြန်မာရုပ်ရှင်ဇာတ်ကားသစ်များ ဆက်တိုက်ရုံတင်ပြသလျက်ရှိပြီး ဆင်ဆာခွင့်ပြုပြီး ဇာတ်ကားအရေအတွက် ၂၀၀ ခန့်ရှိနေ၍ အပြိုင်အဆိုင် ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိ

မြန်မာရုပ်ရှင်ဇာတ်ကားသစ်များ ဆက်တိုက်ရုံတင်ပြသလျက်ရှိပြီး ဆင်ဆာခွင့်ပြုပြီး ဇာတ်ကားအရေအတွက် ၂၀၀ ခန့်ရှိနေ၍ အပြိုင်အဆိုင် ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိ
Published 14 May 2018

မြန်မာရုပ်ရှင်ဇာတ်ကားသစ်များအား ဆက်တိုက်ရုံတင်ပြသလျက်ရှိပြီး ဆင်ဆာခွင့်ပြုပြီးသည့် ဇာတ်ကားအရေအတွက် ၂၀၀ ကျော် ရှိနေသည့်အတွက် အပြိုင်အဆိုင် ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။ ယခင်နှစ်များက မြန်မာဇာတ်ကားသစ်များ ပြသရန် ကြိုးပမ်းမှုမှာ ပုံမှန်အတိုင်းသာရှိခဲ့သော်လည်း ၂၀၁၇ နှစ်ကုန်ပိုင်းမှ စတင်ကာ ဇာတ်ကားပြသမှုစနစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်းတွင် အပြိုင်အဆိုင်ပြသနိုင်ရန် ကြိုးပမ်းလာကြကြောင်းသိရသည်။ မိမိတို့ ရိုက်ကူးထားသည့်ဇာတ်ကားများအား အလျင်အမြန် ပြသခွင့်ရရှိရန် အတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပရိသတ်များသိရှိစေရန် ဆွဲဆောင်မှုများပြုလုပ်ကြရပြီး ရုံတင်ရက်ရရှိရန်အတွက် ပြသညှိနှိုင်း အစည်းအဝေးပြုလုပ်ချိန်တွင် ပြသခွင့်ရရှိစေရန် ကြိုးပမ်းကြရခြင်း ဖြစ်သည်။

“မြန်မာဇာတ်ကားသစ်တွေက ဆက်တိုက်ပြသကြမှာပါ။ လက်ရှိ ဆင်ဆာကျပြီးသား ဇာတ်ကားအရေအတွက် ၂၀၀ ကျော်လောက်ရှိနေတော့ ထုတ်လုပ်သူအားလုံးက သူ့ထက်ငါ အမြန်ပြချင်ကြတယ်။ ကိုယ့်ဇာတ်ကားကို facebook မှာ ပေါက်အောင် အရင်ကြော်ငြာရ တယ်။ ပရိသတ်စိတ်ဝင်စားမှုများတဲ့ဇာတ်ကားဆိုရင် ရုံရှင်တွေကလည်း ပြပေးဖို့များတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ပြီးသားဇာတ်ကားပြသခွင့်ရဖို့၊ ငွေအများကြီးမမြတ်ရင်တောင် ရင်းနှီးထားတဲ့ငွေတွေပြန်ရဖို့ ကြိုးစားကြရပါတယ်။ ဒါကြောင့် မြန်မာဇာတ်ကားသစ်တွေက ဆက်တိုက် ရုံတင်နေဦးမှာပါပဲ။ ဝင်ငွေအနေအထားအရတော့ အရင်လို စံချိန်တင်ရဖို့ဆိုတာ ခဲယဉ်းပါတယ်” ဟု ထုတ်လုပ်သူတစ်ဦးက ဆိုသည်။

၂၀၁၈ နှစ်ဆန်းပိုင်းမှစတင်ကာ တစ်ပတ်လျှင်အနည်းဆုံး ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားမှ အများဆုံးဇာတ်ကားသစ်သုံးကားခန့်အထိ အပြိုင်အဆိုင် ပြသလျက်ရှိနေပြီး မြန်မာဇာတ်ကားများအပေါ် ပရိသတ်စိတ်ဝင်စားမှုလည်း များပြားလာသည့်အတွက် ဆက်တိုက် ပြသရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မြန်မာရုပ်ရှင်ဇာတ်ကားသစ်များမှာ လက်ရှိတွင် လူငယ်မျက်နှာသစ်တို့၏ပုံစံ ခွဲထွက်ဖန်တီးထားသည့် ဇာတ်ကားများအား ပရိသတ် စိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း သိရသည်။ မြန်မာရုပ်ရှင် ဇာတ်ကားသစ်များအား ဇွန်လအ တွင်းတွင်လည်း ဆက်တိုက်ပြသရန် စီစဉ်ထားကြပြီး ဇွန်လအတွင်း မြန်မာ ဇာတ်ကားသစ် အနည်းဆုံးလေးကားမှ ခြောက်ကားခန့်အထိ ပြသရန် စီစဉ်ထားကြကြောင်း သိရသည်။င်းလင်းခိုင်

Most Read

Most Recent