Global Charity Queen 2018 ပြိုင်ပွဲသို့ အလှမယ်ထွန်းအိန္ဒြာရှင် သွားရောက်ယှဉ်ပြိုင်မည်

Global Charity Queen 2018 ပြိုင်ပွဲသို့ အလှမယ်ထွန်းအိန္ဒြာရှင် သွားရောက်ယှဉ်ပြိုင်မည်
Published 11 May 2018

ထိုင်ဝမ်တွင် ကျင်းပမည့် Global Charity Queen 2018 သို့ မြန်မာကိုယ်စားပြုအဖြစ် Stars & Models Int’1 မှ  အလှမယ် ထွန်းအိန္ဒြာရှင်က ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ညီမအနေနဲ့ ထိုင်ဝမ်မှာ ကျင်းပမယ့် Global Charity Queen 2018 မှာ မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ ဒီပြိုင်ပွဲက ညီမအတွက် ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာ ပြိုင်ပွဲပါ။ မနှစ်တုန်းက Miss ASEAN Friendship ပြိုင်ပွဲကို သွားပြိုင်ခဲ့ဖူးပါတယ်။ အခုလို ဒုတိယအကြိမ် အခွင့်အရေးထပ်ပေးတဲ့အတွက် ဆရာဂျွန်လွင်ကိုရော ကိုထွန်းနောင်နဲ့ မချိုမာတို့ကိုပါ ကျေးဇူးအများကြီးတင်ပါတယ်။ပထမပြိုင်ပွဲတုန်းကရခဲ့တဲ့ အတွေ့ကြုံ ကောင်းတွေကိုအသုံးချပြီး ဒီတစ်ခေါက်သွားပြိုင်ရမယ့် Global Charity Queen 2018 မှာ အကောင်းဆုံးကြိုးစားပြီး အစွမ်းကုန် ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲကလည်း နိုဝင်ဘာလထဲမှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ညီမအနေနဲ့ ပြင်ဆင်ကြိုးစားချိန်လည်း အများကြီးရပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က လိုအပ်မယ်ထင်တာတွေအားလုံးကို ကိုယ်စွမ်းနိုင်သလောက် အကောင်းဆုံးကြိုးစားပြီး ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုတစ်ယောက်အနေနဲ့ အကောင်းဆုံးပါဝင် ယှဉ်ပြိုင်သွားမှာပါ” ဟု Global Charity Queen 2018 အလှ မယ်ထွန်းအိန္ဒြာရှင်က ဆိုသည်။

Global Charity Queen 2018 သို့ သွားရောက်ယှဉ် ပြိုင်မည့် အလှမယ်ထွန်းအိန္ဒြာရှင်သည် ယမန်နှစ်က ကျင်းပခဲ့သည့် Miss ASEAN Friendship ပြိုင်ပွဲသို့လည်း မြန်မာကိုယ်စားပြု အဖြစ်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် Top Ten  စာရင်းဝင် အလှမယ်စာရင်းအထိ ပါဝင်နိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။  Global Charity Queen 2018 ပြိုင်ပွဲကို ထိုင်ဝမ်ရှိ Kaohsiung တွင် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။