အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ထိုးသတ်မည့်ပြိုင်ဘက်အား ဇွန် ၁ ရက် နောက်ဆုံးထားကြေညာမည်

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအတွက် ထိုးသတ်မည့်ပြိုင်ဘက်အား ဇွန် ၁ ရက် နောက်ဆုံးထားကြေညာမည်
Published 8 May 2018

ဓာတ်ပုံ - ကောင်းထက်အောင်

One Championship အဖွဲ့အစည်းသည် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် ယှဉ်ပြိုင်ထိုးသတ်မည့် ပြိုင်ဘက်အား ဇွန် ၁ ရက် နောက်ဆုံးထား ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

One Championship အဖွဲ့အစည်းသည် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရန် စီစဉ်ထားသည်။ “အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် ပြိုင်ဘက်ကို အကောင်းဆုံးဖြစ်အောင် အခုအချိန်မှာ စီစဉ်နေပါတယ်။ ကျွန်တော်တို့ လာမယ့် ဇွန် ၁ ရက်နောက်ဆုံးထားပြီး ထုတ်ပြန်ကြေညာပေးသွားမှာပါ” ဟု မြန်မာနိုင်ငံ၌ MMA ပြိုင်ပွဲများအား One Championship အဖွဲ့အစည်းနှင့် ပူးပေါင်းစီစဉ် ကျင်းပနေသည့် ဦးဇေသီဟက ပြောကြားသည်။ အောင်လအန်ဆန်သည် One Championship အဖွဲ့အစည်းက ကျင်းပသည့် MMA ပြိုင်ပွဲ၌ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုများ ရရှိထားသူဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့်ပြိုင်ပွဲတွင် ရုရှားကစားသမား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူပြီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။