The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live Show ယှဉ်ပြိုင်မှု အစီအစဉ် စတင်ခဲ့ပြီး နည်းပြတစ်ဦးစီမှ ပြိုင်ပွဲဝင် သုံးဦးစီနှင့် ပြိုင်ပွဲဝင် ၁၂ ဦးက ပထမအသုတ်အဖြစ် ယှဉ်ပြိုင်

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live Show ယှဉ်ပြိုင်မှု အစီအစဉ် စတင်ခဲ့ပြီး နည်းပြတစ်ဦးစီမှ ပြိုင်ပွဲဝင် သုံးဦးစီနှင့် ပြိုင်ပွဲဝင် ၁၂ ဦးက ပထမအသုတ်အဖြစ် ယှဉ်ပြိုင်
Published 30 April 2018

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live Show ယှဉ်ပြိုင်မှု အစီအစဉ် စတင်ခဲ့ပြီး နည်းပြတစ်ဦးစီမှ ပြိုင်ပွဲဝင်သုံးဦးစီနှင့် ပြိုင်ပွဲဝင် ၁၂ ဦးက ပထမအသုတ်အဖြစ် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ယှဉ်ပြိုင်မှုတွင် ပရိသတ်များထံမှ မဲပေး ရွေးချယ်မှုများအား ရယူခဲ့ပြီး နည်းပြ တစ်ဦးစီထံမှ မဲရလဒ် အနည်းဆုံး ပြိုင်ပွဲဝင်တစ်ဦး စုစုပေါင်းပြိုင်ပွဲဝင် လေးဦးကို ပြိုင်ပွဲမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယပတ် Live Show ယှဉ်ပြိုင်မှုအဖြစ် မေ ၆ ရက်တွင် ယှဉ်ပြိုင်ရခြင်းမရှိသေးသည့် ပြိုင်ပွဲဝင် ၁၂ ဦးက ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။

“ကျွန်တော်ကတော့ ပါဖောမန့်စ်တွေ၊ အဝတ်အစားတွေ၊ တခြားအရာတွေထက် သီချင်းဆိုတဲ့အပိုင်းတွေကို အကောင်းဆုံး ဖြစ်အောင် သေချာပြင်ဆင်ထားစေပါတယ်” ဟု တေးသံရှင်ကျားပေါက်က ပြိုင်ပွဲအတွက် ပြင်ဆင်ပေးထားမှုနှင့်ပတ်သက်၍ပြောပြခဲ့သည်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ ယှဉ်ပြိုင်မှုပုံစံအရ Live Show ယှဉ်ပြိုင်မှု ပထမအပတ်ဖြစ်သည့် ဧပြီ ၂၉ တွင် နည်းပြ တစ်ဦးစီထံမှ ပြိုင်ပွဲဝင်သုံးဦးစီဖြင့် ပြိုင်ပွဲဝင် ၁၂ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ ယှဉ်ပြိုင်မှုတွင် နည်းပြ တစ်ဦးစီမှ ပရိသတ် မဲပေးရွေးချယ် မှုအနည်းဆုံးပြိုင်ပွဲဝင်တစ်ဦးစီအား ထုတ်ပယ်သွားမည်ဖြစ်ကြောင်းသိရသည်။ Live Show ဒုတိယပတ် ယှဉ်ပြိုင်မှုဖြစ်သည့် မေ ၆ ရက်တွင် ယှဉ်ပြိုင်ရခြင်းမပြုရသေးသည့် ပြိုင်ပွဲဝင် ၁၂ ဦးက ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မဲအနည်းဆုံးပြိုင်ပွဲဝင် လေး ဦးကိုထပ်မံထုတ်ပယ်မည် ဖြစ်သည်။ နည်းပြတစ်ဦးစီတွင်ပြိုင်ပွဲဝင် လေးဦးစီဖြင့် ပြိုင်ပွဲဝင် ၁၆ ဦး ကျန်ခဲ့မည် ဖြစ်ပြီး Live Show တတိယပတ်တွင် နည်းပြနှစ်ဦး၏ ပြိုင်ပွဲဝင်များက ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပရိသတ် မဲအများဆုံးရရှိသည့်ပြိုင်ပွဲဝင်နှစ်ဦးနှင့် နည်းပြနှစ်ဦးမှ ရွေးချယ်သည့် ပြိုင်ပွဲဝင်နှစ်ဦးတို့ နောက်တစ်ဆင့်သို့ ထပ်မံတက်ခွင့်ရမည်ဖြစ်သည်။ နောက်တစ်ပတ်တွင် ကျန်ရှိသည့် နည်းပြနှစ်ဦး၏ ပြိုင်ပွဲဝင်များ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကာ ပရိသတ်မဲ အများဆုံးနှစ်ဦးနှင့် နည်းပြနှစ်ဦးကရွေးချယ်သည့် ပြိုင်ပွဲဝင်နှစ်ဦးတို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ နောက်တစ်ဆင့်တွင်ကျန်ရှိခဲ့ သည့် ပြိုင်ပွဲဝင်ရှစ်ဦးလုံးက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဲရလဒ်အနည်းဆုံးပြိုင်ပွဲဝင် တစ်ဦးစီ ထွက်ခွာသွားမည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လေးဦးသာ တက်ရောက်၍ Grand Final တွင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Most Read

Most Recent