Memories Of Alhambra ဇာတ်လမ်းတွဲ၌ ပက်ရှင်ဟေး ပါဝင်မည်

Memories Of Alhambra ဇာတ်လမ်းတွဲ၌ ပက်ရှင်ဟေး ပါဝင်မည်
Published 25 April 2018

ကိုရီးယားထိပ်တန်းသရုပ်ဆောင် ပက်ရှင်ဟေးသည် tvN ရုပ်သံတွင် ထုတ်လွှင့်မည့် Memories Of Alhambra ဇာတ်လမ်းတွဲတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု ၎င်း၏အေဂျင်စီ S.A.L.T Entertainment က ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Memories Of Alhambra ဇာတ်လမ်းတွဲသည် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ စီအီးအို ယိုဂျင်ဝူးက စပိန်သို့ သွားရောက်လည်ပတ်စဉ်အတွင်း ဂျန်ဟီဝူးဦးစီးသည့် တည်းခိုဆောင်တစ်ခုတွင် တည်းခိုပြီးနောက် ၎င်းတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်ခဲ့သည့်အကြောင်း ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည်။ ယင်းဇာတ်လမ်းတွဲတွင် ဟွမ်ဘင်းက ယိုဂျင်ဝူးအဖြစ် ပါဝင်မည်ဖြစ်ပြီး ပက်ရှင်ဟေးက ဂျန်ဟီဝူးဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။ ပက်သည် ဟွမ်ဘင်းနှင့် Secret Garden ဇာတ်လမ်းတွဲတွင်လည်း တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။

Memories Of Alhambra ဇာတ်လမ်းတွဲကို မေတွင်စတင်ရိုက်ကူးပြီး ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်တွင် စတင်ထုတ်လွှင့်မည်ဟု တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

ပက်သည် ၂၀၁၆ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Doctors ဇာတ်လမ်းတွဲတွင်လည်း အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ အသက် ၂၈ နှစ်အရွယ်ရှိ ပက်သည် Stairway to Heaven၊ Tree of Heaven စသည့် ဇာတ်လမ်းတွဲများဖြင့် အောင်မြင်မှုရရှိခဲ့ပြီး ၎င်း၏ခေတ်ကာလတွင် အောင်မြင်ကျော်ကြားမှု အရှိဆုံး သရုပ်ဆောင်တစ်ဦးအဖြစ် ယူဆခံခဲ့ရသည်။ ပက်သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး အနုပညာရှင်စာရင်းတွင် နံပါတ် ၁၂ နေရာ၌ ဖော်ပြခံခဲ့ရသည်။

ပက်သည် သရုပ်ဆောင် Choi Tae-joon နှင့် တွဲနေသည်ဟု ၂၀၁၈ ခုနှစ် မတ် ၇ ရက်တွင် အတည်ပြုခဲ့သည်။

Most Read

Most Recent