The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live ယှဉ်ပြိုင်မှုအား ဧပြီ ၂၉ ရက်တွင် စတင်မည်ဖြစ်ပြီး Online Voting စနစ်ဖြင့် မဲပေးရွေးချယ်နိုင်

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live ယှဉ်ပြိုင်မှုအား ဧပြီ ၂၉ ရက်တွင် စတင်မည်ဖြစ်ပြီး Online Voting စနစ်ဖြင့် မဲပေးရွေးချယ်နိုင်
Published 25 April 2018

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live ယှဉ်ပြိုင်မှုမှာ ဧပြီ ၂၉ ရက်တွင် စတင်မည်ဖြစ်ပြီး Online Voting စနစ်ဖြင့် မဲပေးရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Live ယှဉ်ပြိုင်မှုတွင် Battle Round အဆင့်မှ တက်ရောက်လာသည့် ပြိုင်ပွဲဝင် ၂၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မတူကွဲပြားသည့် Theme အမျိုးမျိုးဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယှဉ်ပြိုင်မှုများအပြီးတွင် Online Voting စနစ်ဖြင့် ပရိသတ်များက မဲပေးရွေးချယ်နိုင်မည်ဖြစ်ကာ မဲအနည်းဆုံး ရရှိသူနှစ်ဦးကို အပတ်စဉ် ထုတ်ပယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Voting စနစ်ဖြင့် ရွေးချယ်ရာ၌ Online Voting Portal ဖြစ်သည့် thevoice.mptvote.com လင့်ခ်ကိုဝင်ရောက်ကာ ရွေးချယ်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။ Voting ပေးမည်ဆိုပါက PAYG (Pay as you go) နှင့် Vote Pack ဟု နှစ်မျိုးရှိကြောင်း သိရသည်။ PAYG နှင့် မဲပေးမည်ဆိုပါက 1 vote ကိုနှိပ်ကာ OK ကိုနှိပ်ရမည်ဖြစ်ပြီး Live episode တစ်ခုလျှင် အများဆုံး သုံးကြိမ်အထိသာ မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Package ဝယ်ယူပြီး မဲပေးမည်ဆိုပါက Main Page မှ Purchase Voting Packs ကိုနှိပ်ရမည်ဖြစ်ပြီး Package သုံးမျိုးရှိမည်ဖြစ်သည်။ ငါးမဲ၊ ၁၀မဲ၊ မဲ ၂၀ ရှိသည့်အနက်မှ နှစ်သက်ရာ Package ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ မဲပေးမည်ဆိုပါက Voting Page ကို ပြန်လည်သွားရောက် မဲပေးနိုင်မည်ဖြစ်သည်။ MPT ဆင်းကတ်ထည့်ထားသည့်ဖုန်းများဖြင့်သာ မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ၏ Battle Round ယှဉ်ပြိုင်မှုတွင် Coach တစ်ဦးချင်းစီ၏ ပြိုင်ပွဲဝင် ၁၂ ယောက်စီအား နှစ်ယောက်စီတွဲကာ တေးသီချင်းတစ်ပုဒ်တည်းကို သီဆိုယှဉ်ပြိုင်စေပြီး Coach စိတ်ကြိုက်သီဆိုနိုင်သူတစ်ဦးစီအား ရွေးချယ်ကာ Coach တစ်ဦးလျှင် ပြိုင်ပွဲဝင် ခြောက်ဦးစီ ရွေးချယ်ခဲ့သည်။ Winner ဆု ငွေကျပ်သိန်း ၂၀၀ ရရှိမည်ဖြစ်ပြီး Universal Music နှင့် တေးသီချင်း ဖန်တီးခွင့်ရရှိမည်ဖြစ်သည်။