Rose Garden Hotel ၏ Wedding Fair 2018 ကို အနုပညာရှင်များစွာနှင့်အတူ မေ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည်

Rose Garden Hotel ၏ Wedding Fair 2018 ကို အနုပညာရှင်များစွာနှင့်အတူ မေ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည်
Published 22 April 2018

Rose Garden Hotel ၏ Wedding Fair 2018 ပွဲကြီးကို အနုပညာရှင်များစွာနှင့်အတူ မေ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါ Wedding Fair 2018 ကို Myanmar Wedding Talk မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် Aroma Wedding Studio က ပါဝင်ကူညီထားသည်ဟု သိရသည်။

“Rose Garden Hotel ၏ Wedding Fair 2018 ပွဲကို မေ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စည်စည်ကားကား ကျင်းပသွားမှာပါ။ ဒီပွဲကို အဓိကဦးစီးကျင်းပတာကတော့ Myanmar Wedding Talk ပါ။ အစ်ကိုတို့ Aroma Wedding Studio အနေနဲ့ ပွဲကျင်းပရေးပိုင်းအတွက် ပါဝင်ကူညီထားတာပါ။ Wedding Fair မှာတော့ အစ်ကိုတို့ Aroma အပြင်အခြားသော Wedding Studio တွေကလည်း ပါဝင်ပြသကြမှာပါ။ ဒီပွဲမှာ မိုးဦးရာသီ အကြိုအနေနဲ့ မိတ်ဆက်ပြသတဲ့ Wedding Fair ပါ။ ဒီပွဲမှာ အစ်ကိုတို့ Aroma အနေနဲ့ ၂၀၁၉ ခုနှစ်ထဲမှာ ခေတ်စားလာနိုင်တဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းဆန်းတွေ၊ အနောက်တိုင်းဝတ်စုံ၊ မြန်မာဝတ်စုံတွေရဲ့ ဒီဇိုင်းတွေအပြင် ခေတ်စားလာနိုင်တဲ့ မင်္ဂလာအရောင်တွေကို မိတ်ဆက်ပြသသွားမှာပါ။ မင်္ဂလာဝတ်တစ်စုံ ဒီဇိုင်းတွေ မိတ်ဆက်ပြသတာအပြင် မင်္ဂလာပွဲတစ်ခုရဲ့ ပြင်ဆင်မှုတွေ အခမ်းအနားတွေကို Story လေးတွေအဖြစ် ပုံဖော်ပြသသွားဖို့လည်း စီစဉ်နေတာရှိပါတယ်။ နောက်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာပါ။ နာမည်ကျော် အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေအပြင် Wedding Show မှာလည်း လက်ရှိအောင်မြင်နေတဲ့ အနုပညာရှင်တွေ မော်ဒယ်လ်တွေ ပါဝင်ပြသသွားဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး ဒီပွဲမှာ မင်္ဂလာပွဲအခမ်းအနားတွေနဲ့ ပတ်သက်ပြီး အထူးအစီအစဉ်တွေ၊ လျော့ဈေးတွေလည်း ပါဝင်မှာဖြစ်လို့ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်” ဟု Aroma Wedding Studio မှ ကိုအောင်မြတ်သူက ဆိုသည်။

Myanmar Wedding Talk မှ စီစဉ်ကျင်းပသည့် Rose Garden Hotel ၏ Wedding Fair 2018 ပွဲကြီးတွင် နာမည်ကြီး Wedding Studio များ၏ မင်္ဂလာဝတ်စုံများကို ပါဝင်ပြသမည်ဖြစ်သည့်အပြင် မင်္ဂလာဝတ်စုံအပါအဝင် မင်္ဂလာပွဲနှင့်ပတ်သက်သည့် အထူးအစီအစဉ်များနှင့် လျှော့ဈေးများလည်း ပါဝင်မည်ဟု သိရသည်။

အဆိုပါ Rose Garden Hotel ၏ Wedding Fair 2018 ပွဲသို့စိတ်ဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှု လေ့လာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent