မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ ဖို့ဒ်ဝိန်းတွင်ပြုလုပ်မည့် Hobnobben Film Festival တွင် ပြသရန်ရွေးချယ်

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ ဖို့ဒ်ဝိန်းတွင်ပြုလုပ်မည့် Hobnobben Film Festival တွင် ပြသရန်ရွေးချယ်
Published 20 April 2018

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ ဖို့ဒ်ဝိန်းပြည်နယ်တွင်ပြုလုပ်မည့် Hobnobbe Film Festival ၌ပြသရန် ရွေးချယ်ထားကြောင်း အကြောင်းကြားထားသည်ဟု သိရသည်။ အဆိုပါရုပ်ရှင်ပွဲတော်ကို ဇွန် ၇ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဇာတ်ကားများ ပေးပို့လာသည့်အနက် ပြန်လည်ရွေးချယ်ပြသရာတွင် မုဒြာရဲ့ခေါ်သံ ဇာတ်ကားလည်း ရွေးချယ်ခံရခြင်းဖြစ်သည်။ ယင်းဇာတ်ကားအား ပြသမည့်နေရာနှင့် နေ့ရက်အသေးစိတ်ကိုမူ ပြန်လည်အသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။

“မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံမှာပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ထားတယ်လို့သိရပါတယ်။ ဒါကနိုင်ငံတကာမှာ ထပ်မံအသိအမှတ်ပြုခံရခြင်းပါ။ မုဒြာရဲ့ခေါ်သံတစ်ဖွဲ့ သားလုံးကိုယ်စား ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ဇွန်လထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြသမယ့် နေ့ရက်နဲ့အချိန်ကိုတော့ သေချာမသိရသေးပါဘူး။ မုဒြာရဲ့ခေါ်သံဇာတ်ကားမှာ မြန်မာနဲ့ ပတ်သက်လို့ ကျွန်မတို့ပြသချင်တဲ့ နေရာဒေသတွေ၊ ရိုးရာဓလေ့တွေ၊ လှပတဲ့ဆွဲဆောင် မှုတွေကိုရရှိထားတဲ့ ဘောင်အတွင်းကပဲ ကြိုးစားဖန်တီးခဲ့တာဖြစ်ပေမယ့် ပရိသတ် အားပေးမှုများပြားတဲ့အတွက်ရော အခုလို နိုင်ငံတကာကပရိသတ်တွေ ကြည့်ခွင့်ရအောင်ပြသခွင့်ရတဲ့အတွက် ပိုပြီးဝမ်းသာ ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ပြီးလည်း အများကြီး ကြိုးစားအားထုတ်သွားပါမယ်လို့ ကတိပေးပါတယ်”ဟု ဒါရိုက်တာခရစ်(စ်)တီးနားခီက ဆိုသည်။

မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာခရစ်(စ်)တီးနားခီက ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင်ဇဏ်ခီ၊ လှယဉ် ကျေး၊ နန်းဝေေ၀ထွန်း၊ မာရီကိုးလ်နှင့် အနုပညာရှင်များစွာက ပါဝင်ထားသည်။ ယင်းဇာတ်ကားမှာ ရိုက်ကူးခဲ့သည်မှာ လေးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဧပြီလဆန်းတွင်မှ ရုံတင်ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ မုဒြာရဲ့ ခေါ်သံဇာတ်ကားသည်မြန်မာတို့၏ ဂုဏ်ယူဖွယ်ဒေသများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မြန်မာအမျိုးသမီးတို့၏ လိုက်နာစောင့်ထိန်းရသည့် ကျင့်ဝတ်များအား ထည့်သွင်းဖော်ပြထားသည့်ဇာတ်ကားဖြစ်ကာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်ပြသခွင့် ရရှိထားသည့် ဇာတ်ကားလည်းဖြစ်သည်။

ယင်းဇာတ်ကားကို ယခုအခါ အမေရိကန်နိုင်ငံတွင်ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်၌ ပြသရန် ရွေးချယ်ထားကာ ဇာတ်ကားတွင် ပါဝင်ဖန်တီးထားသူများ တက်ရောက် ဖြစ် မဖြစ်ကိုမူ ပြန်လည် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent