Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲအစီအစဉ်အား မြန်မာနှစ်ဆန်းတစ်ရက် (ယနေ့) တွင် စတင်ထုတ်လွှင့်ပြသမည်

Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲအစီအစဉ်အား မြန်မာနှစ်ဆန်းတစ်ရက် (ယနေ့) တွင် စတင်ထုတ်လွှင့်ပြသမည်
Published 17 April 2018

Photo: Myanmar Idol Facebook

Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲအစီအစဉ်အား မြန်မာနှစ်ဆန်းတစ်ရက် (ယနေ့) တွင် စတင်ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။ Myanmar Idol Season 3 ထုတ်လွှင့်မှုအား MNTV ရုပ်သံလိုင်းတွင် ည ၉ နာရီအချိန်၌ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး လူရွေးချယ်မှု အဆင့်ဆင့်အား စတင်ပြသမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် တေးသံရှင်အကယ်ဒမီရန်အောင်၊ မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်နှင့် တင်ဇာမော်တို့ ပါဝင်တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“Myanmar Idol Season 3 ထုတ်လွှင့်တင်ဆက်မှုကို မြန်မာနှစ်ဆန်းတစ်ရက်မှာ စတင်သွားမှာဖြစ်ပါတယ်။ အခုနှစ်မှာ လူရွေးချယ်မှုအတွက် အချိန်ပိုပေးခဲ့သလို ရွေးချယ်တဲ့စနစ်လည်း ပိုများသွားတဲ့အတွက် ထုတ်လွှင့်ပြသမှုကို ရက်နည်းနည်းနောက်ကျပြီး ထုတ်လွှင့်တာဖြစ်ပါတယ်။ အားလုံးပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။ လူရွေးပွဲ အဆင့်ဆင့်ကနေ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တွေကို ဘယ်လိုရွေးချယ်သွားမလဲဆိုတာ စောင့်ကြည့်အားပေးဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု Myanmar Idol မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။