<

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်သို့ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး ဖျော်ဖြေရေး အစီအစဉ်များ၌လည်း ပါဝင်ဖျော်ဖြေမည်

ဓာတ်ပုံ-ဌေးလှအောင်

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်သို့ အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး ဖျော်ဖြေရေး အစီအစဉ်များ၌လည်း ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။ မတ် ၂၉ ရက်တွင် စတင်ကျင်းပခဲ့သည့် မိုးကုတ်နှစ် (၈၀၀) ပြည့် ပွဲတော်ဖွင့်ပွဲသို့ မိုးကုတ်မြို့ခံ အနုပညာရှင်များနှင့်အတူ အခြားသော နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

မိုးကုတ်နှစ် (၈၀၀) ပြည့်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၉ ရက် နံနက်ပိုင်းက မိုးကုတ်မြို့ရှိ မုံကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိုးကုတ်မြို့မှ ဒေသခံအနုပညာရှင်များဖြစ်သည့် ထွန်းအိန္ဒြာဗို၊ ၀တ်မှုန်ရွှေရည်၊ ဖွေးဖွေး၊ N ကိုင်ရာတို့နှင့်အတူ မြန်မာပြည်သိန်းတန်၊ Rဇာနည်၊ ခါရာ၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ခင်လေးနွယ်တို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကို ဖျော်ဖြေရေး အစီအစဉ်များစွာဖြင့် ကျင်းပနေခြင်းဖြစ်ပြီး မတ် ၃၀ ရက်နှင့် ၃၁ ရက် ညပိုင်းတွင်ပြုလုပ်မည့် တေးဂီတဖျော်ဖြေရေး အစီအစဉ်များတွင် မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းထွဋ်၊ ဘိုဖြူ၊ Rဇာနည်၊ ဖြိုးပြည့်စုံ၊ ထွန်းအိန္ဒြာဗို၊ N ကိုင်ရာ၊ ဖွေးဖွေး၊ ၀တ်မှုန်ရွှေရည်၊ ခင်လေးနွယ် စသည့်အနုပညာရှင်များ ပါဝင်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။

ထို့ပြင် မိုးကုတ်ပေါက်ပေါက်၏ ဖက်ရှင်ရှိုး အစီအစဉ်များနှင့် မိုးကုတ်မြို့မှ လူငယ်အနုပညာရှင်များ၊ အနုပညာဝါသနာရှင် လူငယ်များ၏ တေးဂီတဖျော်ဖြေမှုများ၊ ဖက်ရှင်ရှိုးအစီအစဉ်များနှင့် Dancer ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်သည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်တွင် ၀န်းခင်းလှည့်လည်မှုများနှင့် မြို့ခံပြည်သူများ၏ စတုဒိသာကျွေးမွေးမှု အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့အခြေစိုက် Myanmar Bicycle Network စက်ဘီးစီးအဖွဲ့သည် ရန်ကုန်မှ မိုးကုတ်မြို့သို့ စက်ဘီးစီး ထွက်ခွာခဲ့သည်ဟု သိရသည်။ ထို့အတူပင် ရွှေဘိုမြို့မှ စက်ဘီးအဖွဲ့ဖြစ်သည့် Shwebo Mountain Biker Group သည်လည်း မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်အား ဂုဏ်ပြုသောအားဖြင့် မတ်၂၉ ရက်တွင် ရွှေဘိုမြို့မှ မိုးကုတ်မြို့သို့ ထွက်ခွာခဲ့သည်ဟု သိရသည်။

March 30, 2018














Copy Protected by Chetan's WP-Copyprotect.