<

အကယ်ဒမီဆု ရရှိခဲ့ခြင်း အထိမ်းအမှတ်အဖြစ် အကယ်ဒမီနေတိုးက ပရိသတ်များနှင့်အတူ ပြင်ဦးလွင်မြို့၌ အလှူတစ်ခုပြုလုပ်ရန်စီစဉ်

အကယ်ဒမီဆုရရှိခဲ့ခြင်းအထိမ်းအမှတ်အဖြစ် နေတိုးနှင့် ပရိသတ်များအတူ ပြင်ဦးလွင်မြို့၌ အလှူတစ်ခုပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရသည်။

‘‘ ကျွန်တော့်အနေနဲ့ အကယ်ဒမီဆုကိုရရှိခဲ့တဲ့ ဇာတ်ကောင်တိုင်းဟာ ပရိသတ်တွေအတွက်ရော ကျွန်တော်ကိုယ်တိုင်အတွက်ပါ အမြဲအမှတ်ရစရာဖြစ်တဲ့ ဇာတ်ကောင်မျိုးတွေဖြစ်တဲ့အတွက် ၀မ်းသာရပါတယ်။ ဒီနှစ်အကယ်ဒမီဆုအတွက်လည်း ကျွန်တော့်ပရိသတ်တွေရဲ့ ဆုတောင်းပေးမှုတွေ အားပေးမှုတွေကြောင့် ပိုပြီး အားရှိခဲ့ရပါတယ်။ ၀မ်းသာရပါတယ်။ ဒါ့ကြောင့်လည်း အကယ်ဒမီရွှေကြယ်ကို လှူဖြစ်မှာပါ။ ဘယ်မှာလှူမယ်ဆိုတာကတော့ သေချာပြောလို့မရသေးပါဘူး။ နောက်ပြီး ကျွန်တော့်ရဲ့ We Love Fan တွေနဲ့အတူ အလှူ တစ်ခုလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ သူတို့ ဘာသာလည်း လုပ်မယ့်အစီအစဉ်တွေရှိပါ တယ်။ ကျွန်တော်ကတော့ ဒီလကုန်မှာပဲ ပြင်ဦးလွင်မှာ ကားရိုက်ရှိတဲ့အတွက် အဲဒီမှာပဲ အလှူတစ်ခုလုပ်ဖြစ်ပါမယ်’’ ဟု ထပ်ဆင့်အကယ်ဒမီ နေတိုးက ဆိုသည်။

နေတိုးသည် ဒုတိယမြောက် အကယ်ဒမီဆုကို ၂၀၁၇ ခုနှစ်အတွက် ပေးအပ်သည့် အကောင်းဆုံးအမျိုးဆုကို တာတေကြီး ရုပ်ရှင်ဇာတ်ကားဖြင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

March 29, 2018














Copy Protected by Chetan's WP-Copyprotect.