Idiots Band နှင့် Eternal Gosh Band တို့ ဖျော်ဖြေခဲ့သည့် Yout Shi ဖျော်ဖြေပွဲ Hard Rock Cafe တွင်ပြုလုပ်

Idiots Band နှင့် Eternal Gosh Band တို့ ဖျော်ဖြေခဲ့သည့် Yout Shi ဖျော်ဖြေပွဲ Hard Rock Cafe တွင်ပြုလုပ်
Published 25 March 2018

မတ် ၂၄ရက် ညပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာပလာဇာရှိ Hard Rock Cafe ၌ Yout Shi ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး Idiots Band နှင့် Eternal Gosh Band တို့က တေးသီချင်းများဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ယခုနှစ်တွင် ပြုလုပ်သည့် Yout Shi ဖျော်ဖြေပွဲကို Eternal Gosh Band ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့ပြီး ၎င်းတို့၏  နာမည်ကျော်တေးသီချင်းများစွာတို့ဖြင့် ဖျော်ဖြေခဲ့သည်။ ထို့ပြင် Idiots Band မှ ပင်တိုင်တေးသံရှင် ရေမွန်နှင့် Eternal Gosh Band တို့ တွဲဖက်၍ တေးသီချင်းတစ်ပုဒ်ဖြင့်လည်း ဖျော်ဖြေခဲ့သည်။

Eternal Gosh Band ၏ ဖျော်ဖြေမှုများအပြီးတွင် လူငယ်ပရိသတ်များ၏ အားပေးမှုကို အခိုင်အမာရရှိထားသည့် Idiots Band ၏ ဖျော်ဖြေမှုကို စတင်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ ရော့ခ်တေးသီချင်း ခပ်ကြမ်းကြမ်းများဖြင့် စတင်ဖျော်ဖြေခဲ့သည်။

ယခု ဖျော်ဖြေပွဲတွင် Idiots Band က ခပ်ကြမ်းကြမ်း ရော့ခ်တေးသီချင်းများအပြင် Idiots Band ၏ နာမည်ကျော် အချစ်တေးသီချင်းများဖြင့်လည်း ဖျော်ဖြေခဲ့ပြီး လာရောက်အားပေးသူ ပရိသတ်များ နှင့် ရင်းနှီးစွာဖြင့် ဂီတအကြောင်းများ အပြန်အလှန် ပြောဆိုရင်း ဖျော်ဖြေမှုများကို ပြုလုပ်ခဲ့သည်။

“ ကျွန်တော်တို့ ဒီပွဲက Yout Shi ဆိုတော့ ကျွန်တော်တို့တွေ ပရိသတ်တွေ သိပ်မသိတဲ့ သီချင်းတွေကို အရင်ဆိုပါမယ်။ ပြီးရင်တော့ ပရိသတ်တွေ အကုန်လိုက် ဆိုလို့ရမယ့် သီချင်းတွေကို ဆိုပါမယ်” ဟု တေးသံရှင် ရေမွန်က Yout Shi  ဖျော်ဖြေပွဲတွင် ဆိုသည်။

နှစ်စဉ် Yout Shi  ဖျော်ဖြေပွဲများ ဧပြီလဝန်းကျင်တွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲသို့ Idiots Band နှင့် Eternal Gosh Band တို့၏ အမာခံပရိသတ်များ လာရောက်အားပေးကြည့်ရှုခဲ့သည်။

Most Read

Most Recent