ဝေလ၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ တင်ဇာမော်တို့ ပါဝင်မည့် The Evolution-The Best ဖျော်ဖြေပွဲ မတ် ၂၄ ရက်တွင် တောင်ကြီးမြို့၌ ပြုလုပ်မည်

ဝေလ၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ တင်ဇာမော်တို့ ပါဝင်မည့် The Evolution-The Best ဖျော်ဖြေပွဲ မတ် ၂၄ ရက်တွင် တောင်ကြီးမြို့၌ ပြုလုပ်မည်
Published 21 March 2018

တေးသံရှင်ဝေလ၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဘန်နီဖြိုး၊ G-Fatt၊ တင်ဇာမော်တို့ပါဝင်မည့် The Evolution-The Best ဂီတဖျော်ဖြေပွဲကို မတ် ၂၄ ရက်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များအား ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အမိုက်စား ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

“The Evolution ဂီတဖျော်ဖြေပွဲတွေကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ Theme နာမည်လေးတွေနဲ့ မတူကွဲပြားတဲ့ တေးသံရှင်တွေ ပါဝင်စေပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာပါ။ ဒီတစ်ခေါက် လုပ်မှာကတော့ တောင်ကြီးမြို့မှာပါ။ အရင်ကလည်း The Evolution ပွဲတွေ ကျင်းပဖူးပါတယ်။ The Evolution-The Best ပွဲမှာ ကိုဝေလ၊ ကိုဟန်ထွန်း၊ စိုင်းစိုင်း၊ Snare၊ G-Fatt၊ ဘန်နီ၊ မတင်ဇာမော်တို့ ပါဝင်ပါမယ်။ ပါဝင်တဲ့ ဂီတအမျိုးအစားနဲ့ တေးသံရှင်တွေ မတူသလို ရော့ခ်ဂီတကိုနှစ်သက်တဲ့ ပရိသတ်တွေ၊ ဟစ်ဟော့ပ်ဂီတနဲ့ ကခုန်ချင်တဲ့ လူငယ်တွေ အားလုံးအတွက် ရင်ခုန်စရာပွဲတစ်ပွဲဖြစ်အောင် စီစဉ်ထားပါတယ်။ ဖျော်ဖြေပွဲကျင်းပမယ့် စင်မြင့်ဒီဇိုင်းကအစ အမိုက်စားတင်ဆက်မှုတွေနဲ့ ဖျော်ဖြေနိုင်အောင် ပြင်ဆင်နေပါတယ်။ လက်မှတ်တွေကိုလည်း ရောင်းချနေပါပြီ။ ဒါကြောင့် အဲဒီနေ့မှာ အားလုံးအတူတူပျော်နိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု The Evolution ဖျော်ဖြေပွဲများအား စီစဉ်သည့် Myanmar Larger Beer မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Evolution-The Best ဂီတဖျော်ဖြေပွဲကို ညနေ ၅နာရီဝန်းကျင်တွင် စတင်မည်ဖြစ်ပြီး ပါဝင်သည့် တေးသံရှင်တစ်ဦးချင်းစီက ထင်ရှားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကာ အပိုင်းများခွဲ၍ တင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ The Evolution ဂီတဖျော်ဖြေပွဲများအား မြို့ကြီးများ၌ လှည့်လည်ဖျော်ဖြေလျက်ရှိရာတွင် ယခုအခါတောင်ကြီးမြို့၌ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

Most Read

Most Recent