Big Bang အဖွဲ့ဝင် Seungri က စစ်မှုထမ်းမည့်အစီအစဉ်ကို ထုတ်ဖော်ပြောကြား

Big Bang အဖွဲ့ဝင် Seungri က စစ်မှုထမ်းမည့်အစီအစဉ်ကို ထုတ်ဖော်ပြောကြား
Published 16 March 2018

Big Bang အဖွဲ့မှ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သည့် Seungri က စစ်မှုထမ်းမည့်အစီအစဉ်ကို မတ် ၁၃ ရက်တွင် ၎င်း၏လူမှုမီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ “ဒီနေ့ (မတ် ၁၃ ရက်) မှာ Daesung စစ်မှုထမ်းတယ်။ ကျွန်တော်က Big Bang အဖွဲ့မှာ စစ်မှုထမ်းဖို့ကျန်နေတဲ့ နောက်ဆုံးအဖွဲ့ဝင်ပါ။ ကျွန်တော်လည်း ဒီနှစ်အတွက် စီစဉ်ထားတဲ့ အနုပညာအလုပ်တွေ အားလုံးပြီးဆုံးရင် စစ်မှုထမ်းဖို့ စီစဉ်ထားပါတယ်” ဟု Seungri က Instagram တွင် ရေးသားခဲ့သည်။

Seungri သည် Big Bang အဖွဲ့၏ နောက်ဆုံးထွက်ရှိခဲ့သည့် Flower Road သီချင်းအတွက် ကြော်ငြာပိုစတာတစ်ခုကိုလည်း ဖော်ပြခဲ့သည်။ မတ် ၁၃ ရက်က ထွက်ရှိခဲ့သည့် ယင်းသီချင်းသည် ကိုရီးယားသီချင်း ရောင်းချမှုစာရင်းများ၏ ထိပ်တန်းနေရာတွင် လွှမ်းမိုးခဲ့သည်။

“ဒီပိုစတာမှာပါတဲ့ အလှပဆုံးပွင့်လန်းနေတဲ့ ပန်းငါးပွင့်ကိုကြည့်ရင် အဖွဲ့ဝင်တွေနဲ့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်နဲ့ ကျွန်တော်တို့ကြားမှာရှိခဲ့တဲ့ အမှတ်တရအရာတွေအားလုံးကို သတိရမိတယ်” ဟု Seungri က ရေးသားခဲ့သည်။

Big Bang အဖွဲ့၏ခေါင်းဆောင် G-Dragon သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်မှုထမ်းခဲ့ပြီး နောက်ထပ်အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် တေယန်းနှင့် Daesung တို့သည်လည်း မတ် ၁၂ ရက်နှင့် မတ် ၁၃ ရက်တွင် အသီးသီး စစ်မှုတာဝန်ထမ်းဆောင်ခဲ့သည်။ Big Bang အဖွဲ့၏ရက်ပ်အဆိုတော် T.O.P သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် စစ်မှုထမ်းခဲ့ပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် ရဲဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်မှုမှ ဂုဏ်သရေညှိုးစွာထွက်ခဲ့ရပြီး ယခုအခါ အများပြည်သူဝန်ဆောင်မှု ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

အသက် ၂၇ နှစ်အရွယ်ရှိ Seungri သည် ၎င်း၏ ပွဲဦးထွက်တရုတ်ဇာတ်ကား Love Only အတွက် လတ်တလောတွင် ဈေးကွက်မြှင့်တင်မှုမှုများ ပြုလုပ်နေသည်။ ၎င်းသည် ယခုနှစ်ပထမနှစ်ဝက်တွင် တစ်ကိုယ်တော်အယ်လ်ဘမ် ဖြန့်ချိရန်လည်း စီစဉ်နေသည်။

Most Read

Most Recent