w လီဒေါင်ဝုဒ်နှင့် ဆူဇီက ချစ်သူအဖြစ်တွဲနေပြီဟု အတည်ပြု - Eleven Media Group <

လီဒေါင်ဝုဒ်နှင့် ဆူဇီက ချစ်သူအဖြစ်တွဲနေပြီဟု အတည်ပြု

ကိုရီးယားသရုပ်ဆောင် လီဒေါင်ဝုဒ်နှင့် အဆိုတော်သရုပ်ဆောင် ဆူဇီတို့ တွဲနေပြီဟု လီ၏အေဂျင်စီက မတ် ၉ ရက်တွင် အတည်ပြုခဲ့သည်။ “သူတို့နှစ်ယောက် အခမ်းအနားတစ်ခုမှာ တွေ့ဆုံခဲ့ပြီး မကြာသေးမီကမှ ချစ်သူတွေအဖြစ် တွဲခဲ့ကြတယ်” ဟု Starship Entertainment က ထုတ်ပြန်ခဲ့သည်။

ဆူဇီ၏ လက်တွေ့ကျသော ပင်ကိုစရိုက်ကို လီက ချစ်မိသွားခြင်းဖြစ်သည်ဟု အနုပညာနယ်ပယ်မှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Strong Heart ရုပ်သံအစီအစဉ်တွင် ဧည့်သည်အဖြစ် ပါဝင်ခဲ့စဉ်အတွင်း ဆူဇီက လီဒေါင်ဝုဒ်ကို ၎င်း၏စိတ်ကူးယဉ်အမျိုးသားပုံစံဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ လီသည် ၁၉၉၉ ခုနှစ်တွင် အနုပညာလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ပြီး My Girl၊ Scent of a Woman၊ Hotel King စသည့်ဇာတ်လမ်းတွဲများဖြင့် အာရှတစ်ဝန်းတွင် အောင်မြင်မှုရရှိခဲ့သည်။ လီသည် ၂၀၁၇ ခုနှစ်တွင် Guardian: The Lovely and Great God ဇာတ်လမ်းတွဲဖြင့် တစ်ကျော့ပြန် အောင်မြင်မှုရရှိခဲ့သည်။ လီသည် JTBC ရုပ်သံတွင် မကြာမီထုတ်လွှင့်မည့် ဆေးပညာအသားပေး ဒရာမာဇာတ်လမ်းတွဲ Life တွင် ပါဝင်မည်ဖြစ်သည်။

ဆူဇီသည် ၂၀၁၀ ပြည့်နှစ်တွင် Miss A အဖွဲ့ဝင်အဖြစ် ဂီတလောကသို့ ၀င်ရောက်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဆူဇီသည် ၂၀၁၁ ခုနှစ်တွင် Dream High ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Architecture 101 ဇာတ်ကားဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ဆူဇီသည် ဂီတ၊ ရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်တွင် တက်သစ်စ အနုပညာရှင်ဆုများရရှိခဲ့သည့် ပထမဆုံး ကိုရီးယားအမျိုးသမီးအနုပညာရှင်ဖြစ်သည်။

ဆူဇီသည် ယခုနှစ်ဇန်န၀ါရီတွင် ဒုတိယမြောက် မီနီအယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။ ဆူဇီသည် သရုပ်ဆောင်လီမင်ဟိုနှင့် နှစ်နှစ်ကျော်တွဲခဲ့ပြီး ယမန်နှစ် နိုဝင်ဘာတွင် လမ်းခွဲခဲ့သည်။

March 10, 2018














Copy Protected by Chetan's WP-Copyprotect.