အော်စကာဆုပေးပွဲတွင် Shape of Water နှင့် Three Billboards ဇာတ်ကားတို့ အဓိကဆုများအတွက် ယှဉ်ပြိုင်ရမည်

အော်စကာဆုပေးပွဲတွင် Shape of Water နှင့် Three Billboards ဇာတ်ကားတို့ အဓိကဆုများအတွက် ယှဉ်ပြိုင်ရမည်
Published 3 March 2018

၂၀၁၇ ခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆုရရှိခဲ့သည့် Moonlight ဇာတ်ကားမှ သရုပ်ဆောင်များ ဆုလက်ခံရယူစဉ် (Photo- AFP)

ဟောလိဝုဒ်၏ ဆုပေးပွဲရာသီ အထွတ်အထိပ် ဆုပေးပွဲဖြစ်သည့် အော်စကာဆုပေးပွဲကို မတ် ၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး စိတ်ကူးယဉ်ဒရာမာဇာတ်ကား The Shape of Water နှင့် မှုခင်းအသားပေးဇာတ်ကား  Three Billboards Outside Ebbing, Missouri ဇာတ်ကားတို့က အဓိကဆုများအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဆွံ့အနေသည့် အမျိုးသမီးသန့်ရှင်းရေး ဝန်ထမ်းတစ်ဦးနှင့် ဒဏ္ဍာရီလာရေသူထီးကဲ့သို့သော သတ္တဝါတို့အကြား ချစ်ခြင်းမေတ္တာ အကြောင်းရိုက်ကူးထားသည့် The Shape of Water ဇာတ်ကားသည် အော်စကာဆန်ခါ တင်စာရင်းတွင် ဆု ၁၃ ဆုဖြင့် ဦးဆောင်ခဲ့သည်။ The Shape of Water ၊Three Billboards ၊ Darkest our ၊ Call Me By Your Name နှင့် Lady Bird ဇာတ်ကားတို့က အကောင်းဆုံးဇာတ်ကားဆုအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဇန်နဝါရီက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံးဆုပေးပွဲကဲ့သို့ပင် မတ် ၄ ရက်တွင်ကျင်းပမည့် အော်စကာဆုပေးပွဲတွင်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ဖွယ်ရှိသည်။ ယခုနှစ် အော်စကာဆုပေးပွဲတွင် တစ်လောကလုံးမသိချင် အဆုံးလျှို့ဝှက်ချက်အဖြစ် ကာလကြာ သိရှိထားသည့်အကြောင်းအရာတစ်ခုကို အသားပေးမည်ဟု ခန့်မှန်းကြောင်း Variety မဂ္ဂဇင်း၏ ရုပ်ရှင်ဝေဖန်ရေးခေါင်းဆောင် Peter Debruge က ပြောကြားခဲ့သည်။

အကြိမ် (၉၀) မြောက် အော်စကာဆုပေးပွဲကို ဂျင်မီကင်မဲလ်က စီစဉ်တင်ဆက်မည်ဖြစ်ပြီး ABC ရုပ်သံမှထုတ်လွှင့်မည် ဖြစ်သည်။၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲများတွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို တိုက်ဖျက်ရေးနှင့် ကျား၊ မ တန်းတူအခွင့် အရေးရရှိရေးအတွက် ရည်ရွယ်သည့်  #Me Too နှင့် Time's Up လှုပ်ရှားမှုများ လွှမ်းမိုးခဲ့မှုနှင့်အတူ ယခုနှစ်အော်စကာဆုပေးပွဲသည် အမျိုးသမီးဒါရိုက်တာများကို အားပေးထောက်ခံရန် ဟောလိဝုဒ်အနုပညာလုပ်ငန်းအတွက် အခွင့်အရေးဟု ထင်မှတ်ရသည်။

Greta Gerwig သည် အော်စကာသမိုင်းတွင် အကောင်းဆုံးဒါရိုက်တာဆုအတွက် လျာထားခံရသည့် ပဉ္စမမြောက် အမျိုးသမီးဖြစ်သော်လည်း ယင်းဆုအတွက် The Shape of Water ဇာတ်ကား ဒါရိုက်တာ  Guillermo Del Toro ၊ Dunkirk ဇာတ်ကား ဒါရိုက်တာခရစ္စတိုဖာနိုလန်၊ Get Out ဇာတ်ကားဒါရိုက်တာ Jordan Peele နှင့် Phantom Thread ဇာတ်ကားဒါရိုက်တာ ပေါလ်သောမက်စ်အန်ဒါဆန်တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယခုနှစ်တွင် ရေချယ်မောရစ်ဆန်က အော်စကာသမိုင်းတစ်လျှောက် ရုပ်ရှင်အတတ်ပညာရှင်ဆုအတွက် လျာထားခံရသည့် ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။

Most Read

Most Recent