Snare အဖွဲ့၏ One Band Show အား မန္တလေးမြို့၌ ၁၀ တန်းစာမေးပွဲအပြီး မတ် ၁၈ ရက်တွင် ကျင်းပရန်စီစဉ်

Snare အဖွဲ့၏ One Band Show အား မန္တလေးမြို့၌ ၁၀ တန်းစာမေးပွဲအပြီး မတ် ၁၈ ရက်တွင် ကျင်းပရန်စီစဉ်
Published 20 February 2018

Snare One Band Show ပြုလုပ်ခဲ့စဉ်က ဖျော်ဖြေမှုမြင်ကွင်း

Snare အဖွဲ့၏ One Band Show အား ၁၀ တန်းစာမေးပွဲများ ဖြေဆိုပြီးချိန် မတ် ၁၈ ရက်တွင် မန္တလေးမြို့၌ ကျင်းပရန်စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး Snare အဖွဲ့နှင့်အတူ Frenzo Artist များနှင့် တေးသီချင်းတွဲဖက်သီဆိုခဲ့ဖူးသည့် အနုပညာရှင်များလည်း ပါဝင်အားဖြည့်တင်ဆက်ရန် စီစဉ်ထားသည်ဟု သိရသည်။ Snare အဖွဲ့၏ One Band Show အတွက် လက်မှတ်များအား ဖေဖော်ဝါရီလကုန်ခန့်တွင် စတင်ရောင်းချရန် စီစဉ်ထားသည်ဟု သိရသည်။

‘‘ကျွန်တော်တို့ အခုအယ်လ်ဘမ်သစ် ထွက်ပြီးပြီဆိုတော့ မလုပ်ဖြစ်တာလည်း နည်းနည်းကြာပြီဖြစ်တဲ့ One Band Show ကို မန္တလေးမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ ၁၀ တန်းစာမေးပွဲတွေအပြီး မတ် ၁၈ ရက်မှာလုပ်ဖို့ ရည်မှန်းထားတယ်။ One Band Show မလု် ဖြစ်တာ နည်းနည်းကြာပြီဆိုတော့ စိတ်လှုပ်ရှားပါတယ်။ အခုကတည်းက စပြီးပြင်ဆင်နေပါပြီ။ သီချင်းဟောင်းတွေရော၊ အခုထွက်ထားတဲ့ အခွေသစ်ထဲက သီချင်းတွေပါ ဖျော်ဖြေပါမယ်။ ကျွန်တော်တို့နဲ့အတူ Frenzo Artisit တွေရော၊ featuring တွဲပြီးဆိုခဲ့ဖူးတဲ့ အခြားသူငယ်ချင်းတွေပါ တွဲဖက်ဖျော်ဖြေပါမယ်။ ဒီပွဲအတွက် အများကြီးပြင်ဆင်သွားမယ်။ မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့အတွက် ပရိသတ်တွေ အားရကျေနပ်စေမယ့် ပွဲမျိုးဖြစ်အောင် ကြိုးစားသွားပါမယ်” ဟု Snare အဖွဲ့မှ တေးသံရှင်နေဝင်းက ဆိုပါသည်။
Snare အဖွဲ့အနေဖြင့် ‘ပူးတွဲချန်ပီယံ’ အယ်လ်ဘမ်သစ်အား ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။

Most Read

Most Recent