အဖွဲ့သားများစုံလင်စွာ ဖျော်ဖြေနိုင်ခြင်း မရှိခဲ့သော်လည်း လာရောက်အားပေးကြည့်ရှုသူ ပရိသတ်များအတွက် အားပါးတရဖျော်ဖြေခဲ့သည့် Wanted Band ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်

အဖွဲ့သားများစုံလင်စွာ ဖျော်ဖြေနိုင်ခြင်း မရှိခဲ့သော်လည်း လာရောက်အားပေးကြည့်ရှုသူ ပရိသတ်များအတွက် အားပါးတရဖျော်ဖြေခဲ့သည့် Wanted Band ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်
Published 19 February 2018

Wanted အဖွဲ့၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ Everybod's WANTED Rock Show ကို ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းⁿ ဖေဖော်ဝါရီ ၁၈ရက် တွင် ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၈ရက်တွင် ပြုလုပ်ခဲ့သည့် Everybod's WANTED Rock Show မတိုင်မီ ရက်ပိုင်းခန့်တွင် ဖြစ်ပွားခဲ့သည့် လွဲချော်မှုတစ်ချို့ကြောင့် Wanted အဖွဲ့၏ ဒရမ်သမား ကိုရှည်ကြီး အပါအဝင် အဖွဲ့သားနှစ်ဦးတို့ ယင်းဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကိုရှည်ကြီးရယ်၊ နောက်ကျွန်တော်ချစ်တဲ့ အိုဒီ၊ သူတို့ နှစ်ယောက်ဒီပွဲမတိုင်ခင်မှာ အခက်အခဲလေးတွေကြောင့် ဒီပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ကျွန်တော်ချစ်တဲ့  သူတို့နှစ်ယောက် ဒီ Wanted စီပြန်မရောက်မခြင်း ကျွန်တော် Wanted နဲ့ မဆိုတော့ပါဘူး။ Wanted ကို ဒီနေ့ကပဲ နားလိုက်ပါတယ်။ Wanted က ဖော်ကာအနေနဲ့ပဲ သီချင်းဆိုနေပါ့မယ်။” ဟု ပါဝင်ဖျော်ဖြေနိုင်ခြင်း မရှိခဲ့သည့် အဖွဲ့သားနှစ်ဦးနှင့်ပတ်သတ်၍ တေးသံရှင် ဖော်ကာက အဆိုပါဖျော်ဖြေပွဲတွင် ပရိသတ်အား ပြောကြားသည်။

ထို့ကဲ့သို့ အဖွဲ့သားများ စုံလင်စွာ ဖျော်ဖြေနိုင်ခဲ့ခြင်း မရှိသော်လည်း ဆာရက်ပ်ကဲ့သို့သော အခြားသော ရော့ခ်တီးဝိုင်းအဖွဲ့များမှ Players များက Wanted အဖွဲ့အတွက် ပါဝင်ကူညီ တီးခတ်ပေးခဲ့ပြီး Wanted အဖွဲ့၏ အမာခံပရိသတ်များ အတွက် ၎င်းတို့အဖွဲ့က အစဉ်အလာမပြတ် အားပါးတရဖျော်ဖြေမှုများဖြင့် ကျေနပ်စေနိုင်ခဲ့သည်။

ဖျော်ဖြေပွဲများတွင် Wanted အဖွဲ့ဖျော်ဖြေနေကြ ပုံစံများအတိုင်း တေးသီချင်းများကို အားပါးတရ မာန်ပါပါဖြင့် ယခု ဖျော်ဖြေပွဲတွင် ဖျော်ဖြေခဲ့ပြီး ပရိသတ်များ၏ Wanted အဖွဲ့အမည်ကို တခဲနက် သံပြိုင်အော်ဟစ်ရွတ်ဆို အားပေးမှုများက ဖျော်ဖြေပွဲကို အသက်ဝင်စေခဲ့သည်။

Everybod's WANTED Rock Show ကို ည ၇ နာရီကျော်ခန့်မှ ည ၁၁နာရီကျော်ထိ ပြုလုပ်ခဲ့ပြီး ပရိသတ်အပြား လာရောက်ကြည့်ရှုခဲ့ကာ Wanted အဖွဲ့မှ တေးသီချင်း အပုဒ် ၃၀ကျော်ဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

Most Read

Most Recent