The Evolution The Bold ဂီတဖျော်ဖြေပွဲ ဖေဖော်ဝါရီ ၁၇ ရက်တွင် မကွေးမြို့၌ ကျင်းပမည်

The Evolution The Bold ဂီတဖျော်ဖြေပွဲ ဖေဖော်ဝါရီ ၁၇ ရက်တွင် မကွေးမြို့၌ ကျင်းပမည်
Published 13 February 2018

တေးသံရှင် ခြောက်ဦးပါဝင်တင်ဆက်မည့် The Evolution The Bold ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် မကွေးမြို့၌ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဂီတဖျော်ဖြေပွဲတွင် တေးသံရှင်လင်းလင်း၊ Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ Big Bag ၊ လှိုင်ဦးမော်နှင့် Reason တို့ပါဝင်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ဈေးနှုန်းများကို ကျပ်ငါးထောင်ဟု သတ်မှတ်ထားကြောင်း သိရသည်။

“The Evolution The Bold လို့နာ မည်ပေးထားတဲ့ ပွဲတစ်ပွဲလုပ်ဖို့ရှိပါတယ်။ မကွေးမှာလုပ်ဖြစ်မှာပါ။ ဒီပွဲမှာရော့ခ်တေး သံရှင်ခြောက်ဦးက ပါဝင်တင်ဆက်မှာပါ။ မကွေးပရိသတ်တွေအတွက် စောင့်ရကျိုး နပ်မယ့်ပွဲမျိုးဖြစ်အောင် စီစဉ်ထားပါတယ်။ ဒီပွဲမှာပါဝင်မယ့် တေးသံရှင်တစ်ဦးချင်းကလည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ပွဲအတွက်လက်မှတ်တွေကိုလည်း စတင်ရောင်းချနေပါပြီ။ လာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု The Evolution ပွဲနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ဖျော်ဖြေပွဲတွင်ပါဝင်မည့် တေးသံရှင် အောင်လကလည်း “The Evolution ပွဲအနေနဲ့ မကွေးမှာဆိုဖို့ရှိပါတယ်။ ကျွန်တော်တို့ ဂီတမောင်နှမတွေပါဝင်မယ့် ဒီပွဲအတွက် သေချာလေးပြင်ဆင်ထားပါတယ်။ အမိုက်စား ဖျော်ဖြေမှုတွေလုပ်မယ်။ သီချင်းတွေလည်း အများကြီးဖျော်ဖြေပါမယ်။ ရော့ခ်ဂီတကိုကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီပွဲကရသ အပြည့်အဝပေးနိုင်မှာပါ။ ဒီပွဲကို ဘော်ဒါတွေအားလုံးနဲ့ပျော်ပျော်ပါးပါး ဖြတ်သန်းဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟုဆိုပါသည်။

The Evolution The Bold ဂီတဖျော်ဖြေပွဲအား မကွေးမြို့အဝေရာလမ်းရှိတိုင်း အားကစားကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေပွဲကို ညနေ ၅နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲတွင်ပါဝင်မည့် တေးသံရှင်များအနေဖြင့် တစ်ဦးချင်းစီ အပိုင်းများခွဲ၍တင်ဆက်မည်ဖြစ်ပြီး ဖျော်ဖြေပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ The Evolution ဖျော်ဖြေပွဲများအား ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ တင်ဆက်လျက်ရှိရာတွင် ယခုအခါ မကွေးမြို့၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အမျိုးသားတေးသံရှင်ခြောက်ဦးနှင့် အမျိုးသမီးတေးသံရှင်တစ်ဦးတို့၏ ဖျော်ဖြေမှုများအား ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent