TWICE အဖွဲ့၏ သီချင်းသစ် ဂျပန်သီချင်းရောင်းချမှုစာရင်း၏ နံပါတ် (၁) နေရာတွင် ဦးဆောင်

TWICE အဖွဲ့၏ သီချင်းသစ် ဂျပန်သီချင်းရောင်းချမှုစာရင်း၏ နံပါတ် (၁) နေရာတွင် ဦးဆောင်
Published 12 February 2018

ကေပေါ့အမျိုးသမီးအဆိုတော် အဖွဲ့ TWICE ၏ သီချင်းသစ်သည် ဂျပန်သီချင်းရောင်းချမှုစာရင်း၏ နံပါတ် (၁) နေရာတွင် သုံးရက်ဆက်တိုက် ဦးဆောင်ခဲ့သည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ JYP Entertainment က ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၇ ရက်က ဖြန့်ချိခဲ့သည့် TWICE အဖွဲ့၏ ဂျပန်ဘာသာဖြင့် သီဆိုထားသော Candy Pop သီချင်းစီဒီသည် သုံးရက်အတွင်း ချပ်ရေ ၂၁၁,၄၇၃  ရောင်းချနိုင်ခဲ့သည်ဟု JYP က ထုတ်ပြန်ခဲ့သည်။

TWICE ၏ ယခင်က ဖြန့်ချိခဲ့သည့် ဂျပန်သီချင်း One More Time သည်လည်း ချပ်ရေ ၁၅၈,၇၃၃ ရောင်းချနိုင်ခဲ့သည်ဟု  သိရသည်။

TWICE အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် ဂျပန်နိုင်ငံ Aichi စီရင်စုတွင် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သေးသည်။

Sixteen ရုပ်သံအစီအစဉ်မှ ရှာဖွေတွေ့ရှိခဲ့သည့် အမျိုးသမီး ကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည့် TWICE အဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ က ဖြန့်ချိခဲ့သည့် The Story Begins EP ဖြင့် ဂီတလောကသို့ ဝင်ရောက်ခဲ့သည်။ ယင်းအဖွဲ့သည် ၂၀၁၆ ခုနှစ်တွင် Cheer UP သီချင်းဖြင့် အောင်မြင်မှုရရှိခဲ့သည်။

ယင်းသီချင်းသည် တောင်ကိုရီးယားနိုင်ငံ၏ အဓိကဂီတဆုပေးပွဲ နှစ်ခုဖြစ်သော Melon ဂီတဆုပေးပွဲနှင့် Mnet Asian ဂီတဆုပေးပွဲတို့တွင် တစ်နှစ်တာ အကောင်းဆုံးသီချင်းဆု ရရှိခဲ့သည်။

ယင်းအဖွဲ့သည် အချိန်တိုအတွင်း အောင်မြင်မှုရရှိခဲ့ပြီး ကိုရီးယား၏ အောင်မြင်မှုအရှိဆုံး အမျိုးသမီး အဆိုတော်အဖွဲ့ဖြစ်သော Girl Generation ၏ ခြေရာကို နင်းလာပြီဖြစ်သည်။

TWICE အဖွဲ့သည် ၂၀၁၈ ခုနှစ် ပြုံချန်ဆောင်းရာသီအိုလံပစ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် Likey သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ယင်းအဖွဲ့၏ Heart Shaker သီချင်းဗီဒီယိုသည် Youtube တွင် ကြည့်ရှုမှုနှုန်း သန်း ၁၀၀ ကျော်ရရှိခဲ့သည်။

Most Read

Most Recent