Big Bag ၏ ‘Anger Management’ တေးစီးရီးသစ် ကျားပေါက်၏ မွေးနေ့ဖြစ်သည့် မေ ၂၀ ရက်တွင် စတင်ဖြန့်ချိမည်

တေးသံရှင် ဟန်ထူးလွင်၏ သီဆိုဖျော်ဖြေနေဟန်တစ်ခုအား တွေ့ရစဉ်

Big Bag အဖွဲ့၏ ‘Anger Management’ တေးစီးရီးသစ်အား တေးသံရှင်ကျားပေါက်၏ မွေးနေ့ဖြစ်သည့် မေ ၂၀ ရက်တွင် FG Entertainment မှစတင်ဖြန့်ချိရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါတေးစီးရီးတွင် တေးသီချင်း ၁၀ ပုဒ်ခန့်ပါဝင်မည်ဖြစ်ပြီး တေးသံရှင် ကျားပေါက်ကိုယ်တိုင် ရေးသားထားသည့် တေးသီချင်းများပါဝင်သကဲ့သို့ Big Bag တီးဝိုင်းအဖွဲ့သားများကိုယ်တိုင် ရေးသားထားသည့် တေးသီချင်းများလည်း ပါဝင်မည်ဖြစ်သည်။

“ဒီဟာက Concept Album ပါ။ တစ်ခွေလုံးရဲ့ Theme ကတစ်ခုတည်းနဲ့သွားတာပါ။ သီချင်းတွေစီတာကအစ Theme တစ်ခုတည်းနဲ့သွားတာ။ Anger Management ဆိုတော့ ဒေါသနဲ့ Depression ပေါ့။ Anger နဲ့ Depression ကတွဲနေတာဆိုတော့ အဲဒီနှစ်ခုစလုံး သီချင်းတွေမှာပါတယ်။ ဒီတစ်ခါက ပြင်ပအကြောင်းအရာတွေနဲ့ သိပ်မဆိုင်ဘူး။ ကျွန်တော့် Personal တွေ။ ကျွန်တော့် တစ်ကိုယ်တည်း ယူဆချက်တွေ။ ကျွန်တော်တစ်ယောက်တည်း တွေးမိတာတွေပါတယ်။ ရေးတာကတော့တစ် Band လုံးရေးတာလည်းပါတယ်။ မွန်ဘွဲ့ရေးပေးတာပါတယ်။ ကျွန်တော်ရေးတာက များပါတယ်။ 18+ ဆိုတာကတော့ နားမထောင်သင့်သေးဘူး။ တချို့စာသားတွေက သူတို့အသက်အရွယ်နဲ့ နားမထောင်သင့်သေးဘူးပေါ့။ တကယ်တမ်းဒီထဲကနေ စိတ်အင်အားရဖို့တွေ ဘာတွေမရှိဘူးလေ။ Aggresive ဖြစ်တဲ့စာသားတွေပါတယ်လေ။ ဒါကြောင့်ပါ” ဟု တေးသံရှင် ကျားပေါက်က Anger Management တေးအယ်လ်ဘမ်နှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

Anger Management တေးအယ်လ်ဘမ်၏ အမှတ်တရ အစီအစဉ်တစ်ခုအဖြစ် ခေါင်းစဉ်နှင့်လိုက်ဖက်သည့် ကာတွန်းလက်ရာများအား ဖိတ်ခေါ်ထားပြီး ပါဝင်ကူညီရေးဆွဲပေးသည့် ကာတွန်းလက်ရာများအားလုံးကို အယ်လ်ဘမ်တွင်ပါဝင်မည့် သီချင်းတစ်ပုဒ်၏ Lyrics Video တွင်ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကာတွန်းလက်ရာများထဲမှ ကာတွန်းလက်ရာဆယ်ခုအား Randomly ရွေးချယ်ကာ Band Members များ၏လက်မှတ်များပါဝင်သည့် Anger Management တေးစီးရီးခွေကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Writer: 
လင်းလင်းခိုင်