Big Bag အဖွဲ့၏ Starry Night Tour ဖျော်ဖြေပွဲများကျင်းပရန် စီစဉ်

Big Bag အဖွဲ့၏ Starry Night Tour ဖျော်ဖြေပွဲများကျင်းပရန် စီစဉ်
Published 5 February 2018

Big Bag အဖွဲ့၏ Starry Night Tour ဖျော်ဖြေပွဲများကျင်းပရန် စီစဉ်

Big Bag အဖွဲ့၏ Starry Night Tour ဖျော်ဖြေပွဲများအား ရန်ကုန်မြို့နှင့် မြို့ကြီးအချို့၌ ကျင်းပရန်အစီအစဉ်ရှိကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲများအနက် ရန်ကုန်မြို့တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲအား ဦးစွာကျင်းပမည်ဖြစ်ပြီး အခြားမြို့ကြီးများ၌လည်း ကျင်းပနိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီနှစ်ထဲမှာ Starry Night Tour ဆိုပြီးလုပ်ဖို့ရှိပါတယ်။ ရန်ကုန်မှာတော့ အရင်လုပ်ပါမယ်။ အခြားမြို့ကြီးတွေမှာလုပ် မယ့်စိတ်ကူးလည်းရှိတယ်။ ဖြစ်နိုင်ရင်တော့ Music Tour အနေနဲ့ လှည့်လည်သွားမှာပါ။ Music Tour က ထပ်ပြီးကမ်းလှမ်းထားတာလည်း ရှိတယ်။ မသေချာသေးလို့ပါ။ Starry Night Tour မှာလည်း ပရိသတ်တွေနဲ့ အမှတ်တရဖြစ်မယ့်ပွဲမျိုးဖြစ်အောင် တင်ဆက်သွားမှာပါ။ အခုကတည်းကတော့ အားလုံးစိတ်ကူး ပြင်ဆင်နေပါတယ်” ဟု Big Bag အဖွဲ့မှတေး သံရှင်ကျားပေါက်က ဆိုသည်။

တေးသံရှင်ကျားပေါက်သည် Starry Night Music Tour ပြုလုပ်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း Anger Management အယ်လ်ဘမ်သစ် ထွက်ရှိပြီးချိန်ကတည်းကပင် ပြင်ဆင်နေခြင်းဖြစ်ပြီး ယခုအခါ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်နိုင်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ တေးသံရှင်ကျားပေါက်၏ Anger Management တေးအယ်လ်ဘမ်တွင် ပါဝင်ခဲ့သည့် Starry Night တေးသီချင်းအမည်ကို ယူကာ Starry Night Music Tour ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ တေးသံရှင်ကျားပေါက်သည် လတ်တလောတွင် အခြားသော ဖျော်ဖြေပွဲများ၌လည်း ပါဝင်ဖျော်ဖြေလျက်ရှိပြီး Music Tour တစ်ခုတွင်လည်း ပါဝင်နိုင်ရန် ညှိနှိုင်းလျက်ရှိသည်ဟု သိရသည်။

တေးသံရှင်ကျားပေါက်သည် ယခုနှစ် အတွင်းတွင် ‘Weapons of Choice’  အယ်လ်ဘမ်အားထွက်ရှိရန် ပြင်ဆင်လျက်ရှိပြီး အဆိုပါအယ်လ်ဘမ်မှာ နိုင်ငံတကာဂီတဈေးကွက်တွင် ဖြန့်ချိမည်ဖြစ်ကာ ဆွီဒင်နိုင်ငံတွင် အသံသွင်းယူထားခြင်း ဖြစ်သည်။ ထို့အပြင် WD- GAF ဖျော်ဖြေပွဲအယ်လ်ဘမ်ကိုလည်း ပြန်လည်ထွက်ရှိနိုင်ရန် ပြင်ဆင်လျက်ရှိသည်။ တေးသံရှင်ကျားပေါက်သည် The Voice Myanmar သီချင်းဆိုပြိုင်ပွဲတွင်လည်း Coach တစ်ဦးအဖြစ်ပါဝင်လျက်ရှိကြောင်း သိရသည်။ အဆိုပါသီချင်းဆိုပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ MRTV- 4 ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသရန်စီစဉ်ထားသည်။ တေးသံရှင်ကျားပေါက်သည် Starry Night Music Tour အတွက် ပြင်ဆင်မှုများ အားစတင်ပြုလုပ်လျက်ရှိကာ နယ်မြို့အချို့၌ လည်းလှည့်လည်ဖျော်ဖြေမှုများပြုလုပ်နိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

တေးသံရှင်ကျားပေါက်သည် ယခုနှစ်ဆန်းပိုင်းအတွင်း ကယားပြည်နယ်နေ့ဂီတ ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုဖျော်ဖြေခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင်လည်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် မဟာဗန္ဓုလပန်းခြံ၌ ဝင်ကြေးအခမဲ့ဖြင့် ဖျော်ဖြေပွဲပြုလုပ်ရန်စီစဉ်ထားကာ ရရှိလာသည့် အလှူငွေများအား လှူဒါန်းမည် ဖြစ်သည်။

Most Read

Most Recent