နာဂဒေသဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်အဖြစ် နာဂတိုင်းရင်းသူ သရုပ်ဆောင်မာရီကိုးလ်အား ခန့်အပ်

နာဂဒေသဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်အဖြစ် နာဂတိုင်းရင်းသူ သရုပ်ဆောင်မာရီကိုးလ်အား ခန့်အပ်
Published 27 January 2018

နာဂဒေသဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးသံတမန်အဖြစ် နာဂတိုင်းရင်းသူ သရုပ်ဆောင်မာရီကိုးလ်အား ခန့်အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါသံတမန်အဖြစ် ခန့်အပ်ခြင်းအား ဇန်နဝါရီ ၂၅ ရက်တွင် မုံရွာမြို့၌ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး ကျန်းမာရေးဆိုင်ရာ စံပြအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားတွင် တစ်ပါတည်းပြုလုပ်ခဲ့ခြင်းဖြစ်ကာ နာဂတိုင်းရင်းသူ သရုပ်ဆောင်မာရီကိုးလ်က တက်ရောက်လက်ခံရယူခဲ့ကြောင်း သိရသည်။

“နာဂဒေသအတွက် အခုလိုပထမဆုံးပေးအပ်ခဲ့တဲ့ သံတမန်ဟာ မာရီကိုးလ်အတွက် ဘဝမှတ်တိုင်တစ်ခုကို ပထမဆုံးစိုက်ထူနိုင်ခဲ့သလို တာဝန်လည်းပိုကြီးသွားပါပြီ။ ကိုယ့်လူမျိုးအတွက်၊ နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့လည်း ကတိပြုပါတယ်။ ကိုယ့်ကိုယုံကြည်စွာနဲ့ ပေးအပ်ခဲ့တာဖြစ်တာကြောင့် နာဂလူမျိုးများကိုယ်စား ဝမ်းသာဂုဏ်ယူလို့မဆုံးပါဘူး။ ယုံကြည်စွာနဲ့ပေးအပ်တဲ့ ဒီဆုနဲ့ထိုက်တန်အောင်လည်း လူမျိုးအတွက်၊ တိုင်းပြည်အတွက် ကြိုးစားသွားပါမယ်” ဟု သရုပ်ဆောင်မာရီကိုးလ်က ဆိုသည်။

သရုပ်ဆောင်မာရီကိုးလ်သည် နန်းယွန်းမြို့၌ပြုလုပ်သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခဲ့ပြီး နာဂတိုင်းရင်းသားများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွဲှခဲ့ကြောင်း သိရသည်။

နာဂတိုင်းရင်းသူ မော်ဒယ်လ်သရုပ်ဆောင် မာရီကိုးလ်သည် နာဂတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖျော်ဖြေပွဲအား ရန်ကုန်မြို့၌ပြုလုပ်ခဲ့ပြီးနောက် နာဂတိုင်းရင်းသားများအတွက် ပညာသင်ကြားရန် လိုအပ်လျက်ရှိသည့် စာသင်ကျောင်းဆောင်နှစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent