ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ ကို ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိပြီး ဂျပန်ဇာတ်ကားကောင်းများစွာအား စုစည်းပြသ

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ ကို ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိပြီး ဂျပန်ဇာတ်ကားကောင်းများစွာအား စုစည်းပြသ
Published 22 January 2018

ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပြသလျက်ရှိသည့် ဇာတ်ကားများ

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ ကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၁၉ ရက် မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိပြီး နေပြည်တော်ရုပ်ရှင်ရုံနှင့် Junction ရုပ်ရှင်ရုံများ၌ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါရုပ်ရှင်ပွဲတော်တွင် ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းများအား စုစည်းပြသလျက် ရှိကြောင်းလည်းသိရသည်။

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ တွင်  မြန်မာစာတန်းများရေးထိုးထားသည့် ဂျပန်ရုပ်ရှင်ဇာတ်ကားများအား ပြသနေခြင်းဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြင့်ပြသမည်ဖြစ်ကာ မိမိတို့နှစ်သက်သည့် ဇာတ်ကားများအား လက်မှတ်ရယူ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြသ လျက်ရှိ သည့်ဇာတ်ကားများမှာ Reflections, Chihayafuru Part 1 , Chihayafuru Part 2 , Daytime Shooting Star, Her Love Boils Bathwater, Honnouji Hotel, In this Corner of the World, Let's Go, JETS !, From Small town Girls to U.S, Memories of a Murderer, The Mohican Comes Home, Mumon Relife, Redolf the black cat, Survival Family, The Long Excuse, Tora-san of Goto  ဇာတ်ကားများအားပြသနေခြင်းဖြစ်ကြောင်း သိရသည်။ ရက်အလိုက် ပြသသွားမည့် ဇာတ်ကား များ၏စာရင်းအား ထုတ်ပြန် ကြေညာပေးထားကြောင်း သိရသည်။ ဇာတ်ကား ကြည့်ရှုလိုသူများအနေဖြင့် မပြသမီ တစ်နာရီအလိုတွင် လက်မှတ်များအား ထုတ်ယူကြည့်ရှု နိုင်မည်ဖြစ်သည်။

ဂျပန်ရုပ်ရှင်ပွဲတော်တွင် ပြသလျက်ရှိသည့် ဇာတ်ကားများ

ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာ နိုင်ငံတွင် နှစ်စဉ်ကျင်းပနေခြင်း ဖြစ်ပြီး အက်ရှင်၊ ဟာသ၊ အချစ် ဒရာမာ ဇာတ်ကားကောင်းများကို  ပြသလျက်ရှိသည်။

 

 

 

 

Most Read

Most Recent