ကိုရီးယားလက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် 1987 က Gods ဇာတ်ကားကို ကျော်တက်

ကိုရီးယားလက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် 1987 က Gods ဇာတ်ကားကို ကျော်တက်
Published 10 January 2018

ကိုရီးယားသမိုင်း နောက်ခံဒရာမာဇာတ်ကား 1987 း When the Day Comes က ကိုရီးယားလက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် သီတင်းသုံးပတ်ကြာ ဦးဆောင်ခဲ့သည့် Along With the Gods း The Two Worlds ဇာတ်ကားကို ကျော်တက်ပြီး နံပါတ်တစ် ဖြစ်လာခဲ့သည်။

၁၉၈၇ ခုနှစ် ဇွန်တွင် ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရကို ဆန့်ကျင်သည့် သမိုင်းဝင် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများအကြောင်း ရိုက်ကူးထားသည့် 1987 း When the Day Comes ဇာတ်ကားသည် ဇန်နဝါရီ ၈ ရက်တွင် လက်မှတ် ၁၇၉,၈၁၅ စောင်ရောင်းချနိုင်ခဲ့ပြီး လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်း၏ နံပါတ် ၁ နေရာတွင် ဦးဆောင်ခဲ့သည်။ ဒီဇင်ဘာ ၂၇ က ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် ၁၂ ရက်အတွင်း ကြည့်ရှုမှုနှုန်း ၄ ဒသမ ၂၆ သန်းရရှိခဲ့သည်။

တောင်ကိုရီးယားတွင် စစ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည့်ကာလအတွင်း ကောလိပ်ကျောင်းသားတစ်ဦးသည် ရဲစစ်ဆေးမေးမြန်းမှုတစ်ခုတွင် သေဆုံးခဲ့မှုက အစပျိုးခဲ့သည့် ဆန္ဒပြမှုအကြောင်းကို ဒါရိုက်တာ Jang Joon - hwan ရိုက်ကူးသည့် ယင်းဇာတ်ကားတွင် Kim Yoon -seok၊ ဟာဂျောင်ဝူး၊ ယိုဟေးဂျင်၊ ကင်တေးရီ၊ ပက်ဟီဆွန်းနှင့် လီဟီဂျန်တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားသည် လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာ ၁၈ ဒသမ ၅ သန်းရရှိခဲ့သည်ဟု သိရသည်။

ကိုရီးယားစိတ်ကူးယဉ် ဒရာမာဇာတ်ကား Along With the Gods သည် လက်မှတ် ၁၇၄,၂၂၄ စောင်ဖြင့် ဒုတိယနေရာသို့ ကျဆင်းခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် စုစုပေါင်းကြည့်ရှု မှုနှုန်း ၁၁ ဒသမ ၆၇ သန်း ရရှိပြီး လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၈၃ သန်းခန့် ရရှိခဲ့သည်။

နာမည်ကျော် အွန်လိုင်းကာတွန်းကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်ကားကို ဇန်နဝါရီ ၁၁ ရက်တွင် ဟောင်ကောင်ရှိ ရုပ်ရှင်ရုံ ၅၁ ရုံတွင်ပြသရန် စီစဉ်ထားသည်။ ယင်းဇာတ်ကားသည် ဗီယက်နမ်လက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် နံပါတ်နှစ်နှင့် ထိုင်းနှင့် အင်ဒိုနီးရှားလက်မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် နံပါတ်သုံးအဖြစ် ဖော်ပြခံခဲ့ရသည်။ ယင်းဇာတ်ကားကို ယခုသီတင်းပတ်တွင် စင်ကာပူ၊ မလေးရှား၊ လာအိုတို့တွင် ဖြန့်ချိရန် စီစဉ်ထားပြီး မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ယခုလအကုန်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။