တေးသံရှင်ပန်းရောင်ခြယ်၏ တစ်ကိုယ်တော်တေးစီးရီးသစ်အား ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိရန် စီစဉ်ထား

တေးသံရှင်ပန်းရောင်ခြယ်၏ တစ်ကိုယ်တော်တေးစီးရီးသစ်အား ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိရန် စီစဉ်ထား
Published 8 January 2018

တေးသံရှင်ပန်းရောင်ခြယ်၏ တစ်ကိုယ်တော်တေးစီးရီးသစ်အား ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိရန်စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါတေးအယ်လ်ဘမ်အတွက် အသံသွင်းယူမှုများအားလည်း ပြုလုပ်နေပြီဖြစ်ပြီး ဖခင် ဖြစ်သူ တေးသံရှင်ဂရေဟမ်၏ လမ်းညွှန်ကြီး ကြပ်မှုနှင့်အတူ ဖန်တီးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ တေးသံရှင်ပန်းရောင်ခြယ်သည် ဖခင်ဖြစ်သူတေးသံရှင် ဂရေဟမ်နှင့်နှစ်ယောက်တွဲဖက်ကာ Wake up Daddy  တေး အယ်လ်ဘမ်အားထွက်ရှိထားပြီး ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ကို ယခုနှစ်အ တွင်းထွက်ရှိရန်စီစဉ်နေခြင်းဖြစ်သည်။

“ပန်းရောင်ရဲ့ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ကို အခုနှစ်ထဲမှာ ထွက်ရှိနိုင်ဖို့ စီစဉ်နေပါတယ်။ ဒီအယ်လ်ဘမ်လေးက လုပ်နေတာတော့ကြာပါပြီ။ စိတ်တိုင်းကျပြင်ဆင်ချင်တာကြောင့် အချိန်ကြာနေတာပါ။ ဒက်ဒီကလည်း အများကြီးလမ်းညွှန်ပေးတယ်။ ဘယ်သီချင်းလေးမှာတော့ဘယ်လိုလေးဆိုရင် ပိုကောင်းသွားမယ်။ ဘယ်သီချင်းလေးကိုတော့ ဘယ်လိုလေးပြုပြင်လိုက်ပါ လားဆိုတာမျိုး အမြဲပဲအကြံပေးပါတယ်။ ပန်းရောင် ရဲ့အခွေလေးကိုစောင့်နေပေးတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင် ပါတယ်” ဟု တေးသံရှင်ပန်းရောင်ခြယ်က ပြောပြခဲ့သည်။

Most Read

Most Recent