G-Dragon ၏ USB ဖြင့် ဖြန့်ချိမှုပုံစံကို အယ်လ်ဘမ်အဖြစ် လက်ခံ

G-Dragon ၏ USB ဖြင့် ဖြန့်ချိမှုပုံစံကို အယ်လ်ဘမ်အဖြစ် လက်ခံ
Published 28 December 2017

ကိုရီးယားသီချင်းရောင်းချမှုစာရင်းများကို ထုတ်ပြန်သည့် Gaon Music Chart က USB ဖြင့် သီချင်းဖြန့်ချိမှုကို အယ်လ်ဘမ် နှင့် EP အဖြစ် လက်ခံရန်ဆုံးဖြတ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မူလရပ်တည်ချက်ကို ပြင်ဆင်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကြောင့် USB ဖြင့် ဖြန့်ချိခဲ့သည့် အဆိုတော် G-Dragon ၏ EP သည်လည်း Gaon ၏ အယ်လ်ဘမ်ရောင်းချမှုစာရင်းတွင် ပါဝင်လာတော့မည်ဖြစ်သည်။

တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Big Bang မှ ရက်ပ်အဆိုတော် G-Dragon က ၎င်း၏ ဒုတိယမြောက်တစ်ကိုယ်တော် EP Kwon Ji Yong ကို စီဒီအစား USB ဖြင့်  ၂၀၁၇ ခုနှစ် ဇွန် ၈ ရက်က ဖြန့်ချိခဲ့သည်။ ယင်း USB တွင် သီချင်းများမပါဝင်ဘဲ သီချင်းကို Download လုပ်မည့် ဝက်ဘ်ဆိုက်၏  Link သာ ပါဝင်ခဲ့သည်။

သမားရိုးကျပုံစံ မဟုတ်သော ယင်း EP ကို အယ်လ်ဘမ်ရောင်းချမှုစာရင်းတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ဟု Gaon က ယင်းအချိန်တွင် ထုတ်ပြန်ခဲ့သည်။ ယင်း EP သည် တရုတ်ပြည်မကြီးတွင် စီးပွားရေးအရ အောင်မြင်ခဲ့ပြီး ဖြန့်ချိပြီး တစ်ပတ်မပြည့်မီ တစ်သန်းခန့်ရောင်းချနိုင်ခဲ့ပြီး ဒီဂျစ်တယ်ရောင်းအား အကောင်းဆုံး ကိုရီးယား အဆိုတော်ဖြစ်လာခဲ့သည်။

Most Read

Most Recent