၂၀၀၀ ပြည့်နှစ်နှင့် ပတ်ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဂီတအဖွဲ့များ၌ အပါအဝင်ဖြစ်သည့် မြေပဲယိုအဖွဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်

၂၀၀၀ ပြည့်နှစ်နှင့် ပတ်ဝန်းကျင်နှစ်များတွင် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဂီတအဖွဲ့များ၌ အပါအဝင်ဖြစ်သည့် မြေပဲယိုအဖွဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်
Published 4 August 2017

၂၀၀၀ပြည့်နှစ်နှင့် ၎င်းပတ်ဝန်းကျင်ကာလများတွင် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးသော ဂီတအဖွဲ့များတွင် အပါအဝင်ဖြစ်သည့် မြေပဲယိုအဖွဲ့က ၎င်းတို့၏ တစ်ကိုယ်တော်အဖွဲ့ ဖျော်ဖြေမှုအား ရန်ကုန်မြို့လယ်၊ ဆာကူရာတာဝါရှိ Yangon Yangon Bar ၌ သြဂုတ် ၄ရက်တွင် ပြုလုပ်ခဲ့သည့်။

၂၀၀၀ပြည့်နှစ်နှင့် ၎င်းပတ်ဝန်းကျင်ကာလများ၌ နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်သော မင်းမော်ကွန်းနှင့် မြေပဲယိုအဖွဲ့သည် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဂီတအဖွဲ့များတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး အဆိုပါ ဖျော်ဖြေပွဲ၌ ၎င်းတို့နာမည်ကျော်ကြားခဲ့သည့် တေးသီချင်းများစွာတို့ဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျော်ဖြေပွဲအား Friday In Black အမည်ဖြစ်ပြုလုပ်ခြင်းဖြစ်ပြီး လာရောက်သည့် ပရိသတ်များကို အနက်ရောင်ဝတ်ဆင်ကာ လာရောက်မှုများပြုလုပ်ရန် မြေပဲယိုအဖွဲ့က ပွဲကြိုသတင်းပေးခဲ့ပြီး အဆိုပါဖျော်ဖြေပွဲ ပြုလုပ်ချိန်တွင်လည်း ပရိသတ်အားလုံးနီးပါ အနက်ရောင်များဝတ်ဆင်ကာ လာရောက်ကြည့်ရှုခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ဖျော်ဖြေပွဲ၌ နာမည်ကျော်သရုပ်ဆောင် မင်းမော်ကွန်းနှင့် ၎င်း၏မြေပဲယိုအဖွဲ့တို့က အချစ်များစွာအတွက်၊ မူကြို၊ ရက်စ်အော်နိုး၊ စသည့် ၎င်းတို့အဖွဲ့၏ နာမည်ကျော် တေးသီချင်းများစွာတို့ဖြင့် သီဆိုဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ပရိသတ်များ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်ကာလများအား အောက်မေ့သတိရကာ အားပေးခဲ့သည်။

“အဲ့ဒီတုန်းက ကျွန်တော် ကိုးတန်းလောက်ပဲ ရှိဦးမယ်ထင်တယ်။ ၂၀၀၃၊ ၂၀၀၄ လောက်က မြေပဲယိုက လုံးဝခရေဇီအဖွဲ့ပဲ။ သိတယ်အတိုင်း မင်းမော်ကွန်းက စတိုင်ကလည်း အရမ်းမိုက်တယ်လေ။ မှတ်မှတ်ရရ အဲ့ဒီတုန်းက အသည်းတွေကွဲပြီး အချစ်များစွာအတွက်ကို ဖီးလ်ခဲ့တာဗျ။ အခုပွဲမှာလည်း အဲ့ဒီတုန်းက ဖီးလ်ကိုပြန်ရသလိုက်ပဲ လွမ်းလွမ်းနဲ့ တမ်းတမ်းတတကြီး” ဟု ဖျော်ဖြေပွဲသို့ လာရောက်သည့် ပရိသတ်တစ်ဦးက ဆိုသည်။

ထို့ပြင်အဆိုပါ ဖျော်ဖြေပွဲသို့ R ဇာနည်၊ ဖြိုးငွေစိုး၊ ရဲလေး စသည့် နာမည်ကျော်အနုပညာရှင်များလည်း လာရောက်ခဲ့ကာ အဆိုတော်ရဲလေးက မူကြို သီချင်းအား မြေပဲယိုအဖွဲ့နှင့်အတူ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Friday In Black ဖျော်ဖြေပွဲအား သြဂုတ် ၄ ရက်၊ ည ၈ နာရီခန့်မှ ဆယ်နာရီကျော်အချိန်ထိ ပြုလုပ်ခဲ့ကာ မြေပဲယိုအဖွဲ၏ အမာခံပရိသတ် အများအပြား လာရောက် အားပေးခဲ့ကြသည်။

Writter : နေဝန်းထက်

Most Read

Most Recent