ဗင်ဒီဇယ်နှင့် NBC က Miami Vice ဇာတ်လမ်းတွဲကို ပြန်လည်ဆန်းသစ်ရိုက်ကူးရန် စီစဉ်

ဗင်ဒီဇယ်နှင့် NBC က Miami Vice ဇာတ်လမ်းတွဲကို ပြန်လည်ဆန်းသစ်ရိုက်ကူးရန် စီစဉ်
Published 4 August 2017


အမေရိကန်ရုပ်သံ NBC နှင့် သရုပ်ဆောင်ဗင်ဒီဇယ်က လူကြိုက်များသည့် အက်ရှင်မှုခင်းဇာတ်လမ်းတွဲ Miami Vice ကို ပြန်လည်ဆန်းသစ် ရိုက်ကူးရန် စီစဉ်နေသည်ဟု သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

NBC က ယင်းအစီအစဉ်ကို တရားဝင် မထုတ်ပြန်သေးသော်လည်း ဗင်ဒီဇယ်၏ ထုတ်လုပ်ရေးကုမ္ပဏီ One Race Television က Universal Television  နှင့် Fast and Furious ဇာတ်ကားခြောက်ကား၏ ဇာတ်ညွှန်းကို ရေးသားခဲ့သည့် ခရစ်မော်ဂန်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အတွင်းလူများက ပြောကြားခဲ့သည်။

ပြန်လည်ဆန်းသစ်ရိုက်ကူးမည့် ယင်းဇာတ်လမ်းတွဲတွင် ဗင်ဒီဇယ် ပါဝင်သရုပ်ဆောင်မည်၊ သရုပ်မဆောင်မည်ကို တိတိကျကျ မပြောကြားခဲ့ပေ။

The Mist နှင့် Satisfaction ဇာတ်လမ်းတွဲများ၏ ဇာတ်ညွှန်းဆရာ ပီတာမက်မန်အက်စ်သည် မူရင်းဇာတ်လမ်းတွဲကို အခြေခံပြီး ဇာတ်ညွှန်းရေးသားမည်ဟုလည်း ယင်းဇာတ်လမ်းတွဲရိုက်ကူးရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

၁၉၈၄ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့သည့် Miami Vice ဇာတ်လမ်းတွဲသည် မိုင်ယာမီမြို့၏ အကြမ်းဖက်မှုနှင့် မူးယစ်ဆေး မှောင်ခိုကူးမှုများအကြောင်းကို ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲဖြစ်သည်။ ဒါရိုက်တာ မိုက်ကယ်မန်းက ယင်းဇာတ်လမ်းတွဲကို မှီငြမ်းပြီး ဂျာမိန်းဖော့စ်၊ ကောလင်းဖာရဲ၊ နာအိုမီဟားရစ်၊ ဂေါင်းလီနှင့် Justin Theroux တို့ဖြင့် Miami Vice အမည်ရဇာတ်ကားကို ရိုက်ကူးခဲ့သည်။

မိုင်ယာမီမြို့သည် စီးပွားရေးဖြစ်ထွန်းသည့် ဗဟိုချက်တစ်ခုဖြစ်သည်။ အကြမ်းဖက်မှုနှင့်ကိုကင်း အင်ပါယာဖြစ်သည့် ယင်းမြို့တွင် ၁၉၈၁ ခုနှစ်က လူသတ်မှု ၁,၅၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုက ထုတ်ပြန်ခဲ့သည်။

ဒါရိုက်တာ Brian De Palma  က Scarface ဇာတ်ကားဖြန့်ချိခဲ့သည့် ၁၉၈၂ ခုနှစ်တွင် မိုင်ယာမီ၏ ဂုဏ်သတင်းဆိုးများ အထွတ်အထိပ် ရောက်ရှိနေပြီ ဖြစ်သည်။

Most Read

Most Recent