အမျိုးသမီးများစွာအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် အမေရိကန် ကျွမ်းဘားအသင်း ဆရာဝန်ဟောင်း အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို

အမျိုးသမီးများစွာအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် အမေရိကန် ကျွမ်းဘားအသင်း ဆရာဝန်ဟောင်း အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို
Published 24 November 2017

(Photo - AFP)

အမျိုးသမီးများစွာအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမေရိကန်ကျွမ်းဘားအသင်း ဆရာဝန်ဟောင်းဖြစ်သူ လယ်ရီနာဆာသည် နိုဝင်ဘာ ၂၂ ရက်က ကြားနာစစ်ဆေးမှုတွင် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

နာဆာ (၅၄ နှစ်) သည် အမေရိကန် ကျွမ်းဘားအသင်းဆရာဝန်အဖြစ် ဆယ်စုနှစ်သုံးခုနီးပါး (အိုလံပစ်ပြိုင်ပွဲလေးကြိမ်) တာဝန်ယူဆောင်ရွက်ခဲ့ပြီး အမျိုးသမီး အားကစားသမား ၁၀၀ ကျော်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ၎င်းသည် မစ်ချီဂန်ပြည်နယ်ရှိ တရားရုံးတွင် စွဲချက် ၂၂ ခု ရင်ဆိုင်နေရပြီး ၎င်းတို့အနက် စွဲချက်ခုနစ်ခုအား အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ယခုဝန်ခံသည့် စွဲချက်ခုနစ်ခုတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူ သုံးဦးသည် ၁၃ နှစ်အောက်ဖြစ်ပြီး အခြားသူများမှာ ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ဆယ်ကျော်သက်အရွယ်များဖြစ်ကြောင်း သိရသည်။ တရားသူကြီး အကွီလီနာက စွဲချက်တစ်ခုချင်းစီအား ဖတ်ပြစဉ်နာဆာက “Yes” ဟုသာ ပြန်လည်ဖြေကြား ခဲ့ပြီး ၎င်းအနေဖြင့် အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရဖွယ်ရှိသည်။ ၎င်း၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဖူးသူများအနက် အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားအားကစားမယ် အယ်လီရေးစ်မန်း၊ မက်ကေလာမာရိုနေ၊ ဂက်ဘီဒေါက်ဂလပ်စ်တို့လည်းပါဝင်ကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent