ကင်ဒဲဂျန်နာက ကမ္ဘာ့ဝင်ငွေအများဆုံးရ မော်ဒယ်ဖြစ်လာ

ကင်ဒဲဂျန်နာက ကမ္ဘာ့ဝင်ငွေအများဆုံးရ မော်ဒယ်ဖြစ်လာ
Published 23 November 2017

ကာဒစ်ရှန် မိသားစုဝင်တစ်ဦးဖြစ်သည့် မော်ဒယ်ကင်ဒဲဂျန်နာက ဝင်ငွေ ဒေါ်လာ ၂၂ သန်းဖြင့် Forbes မဂ္ဂဇင်း၏ ဝင်ငွေအများဆုံးရ မော်ဒယ်စာရင်းတွင် ဦးဆောင်ခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျန်နာသည် ခရစ်ဆီတေဂျန်၊ အဒရီယာနာလီမာနှင့် ဂီဂီဟာဒစ်ကို ကျော်လွန်ပြီး နံပါတ် ၁ နေရာတွင် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ဂျန်နာ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ် ဝင်ငွေ ဒေါ်လာ ၁၀ သန်းထက် နှစ်ဆ ကျော် မြင့်တက်လာခဲ့သည်ဟု Forbes က ဖော်ပြခဲ့သည်။

ဂျန်နာသည် ယခုနှစ်တွင် Alexander Wang ၊ Fendi ၊ Chanel၊ Marc Jacobs  နှင့် အခြား ဖက်ရှင်အမှတ်တံဆိပ်များ၏ ဖက်ရှင်ပြပွဲများတွင် ပါဝင်ခဲ့သည့်အပြင် Estee Lauder နှင့် Adudas အတွက် ကြော်ငြာရိုက်ကူးမှုများတွင် ပါဝင်ခဲ့သည်။ ထို့ပြင် Keeping Up with the Kardashians ရုပ်သံအစီအစဉ်၊ ညီမဖြစ်သူ ခိုင်လီဂျန်နာနှင့် တွဲဖက်လုပ်ကိုင်သည့် Kendall + Kylie တံဆိပ် အဝတ်အထည်တို့မှလည်း ဝင်ငွေရရှိခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဘရာဇီးမော်ဒယ် Gisele ၌ Bundchen သည် ပြီးခဲ့သည့်နှစ်တွင် ဖက်ရှင်ရှိုးလျှောက်မှုမှ အနားယူခဲ့သော်လည်း ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြင့် အဆိုပါစာရင်း၏ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ BUndchen သည်  သည် Carolina Herrera  ရေမွှေး၊  Arezzo ဖိနပ်နှင့် မွေးရပ်မြေဘရာဇီးတွင် Vivara လက်ဝတ်ရတနာ အတွက် ကြော်ငြာရိုက်ကူးခဲ့ရသော်လည်း ယခင်နှစ်က ဝင်ငွေထက် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

အမေရိကန်မော်ဒယ် ခရစ်ဆီတေဂျန်သည် ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့်  Forbes ၏ ဝင်ငွေအများဆုံးရ မော်ဒယ်စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။ အသက် ၃၁ နှစ်အရွယ်ရှိ ခရစ်ဆီတေဂျန်သည် Vita CoCo  နှင့် Smirnoff အစရှိသည့် ဖျော်ရည်နှင့် ယမကာရိုက်ကူးမှုများမှ ဝင်ငွေရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ် Forbes မဂ္ဂဇင်း၏ ဝင်ငွေအများဆုံးရ မော်ဒယ်ထိပ်တန်း ၁၀ စာရင်းတွင် အမေရိကန်မော်ဒယ် plus-sized မော်ဒယ် အက်ရှ်လေဂရေဟမ်က နံပါတ် ၁၀ နေရာတွင် ပါဝင်ခဲ့သည်။ ဝင်ငွေအများဆုံးရ မော်ဒယ် ၁၀ ဦးသည် ၂၀၁၆ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်အတွင်း ဝင်ငွေစုစုပေါင်း ဒေါ်လာ ၁၀၉ ဒသမ ၅ သန်း ရရှိခဲ့သည်ဟု သိရသည်။

Most Read

Most Recent