ရင်ဘက်ထဲက ဓား

ရင်ဘက်ထဲက ဓား
Published 28 October 2017

“ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအများအပြား၌ တစ်ပြိုက်နက် ရုံတင်ပြသ”

ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ရိုက်ကူးသည့် “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ မင်္ဂလာ ၁၊ မင်္ဂလာစံပြ၊ မြဟံသာ၊ ရွှေဗဟို၊ မြရတနာ၊ ကန်သာယာ၊ နဝဒေး၊ မဟာမြိုင်၊ Junction Mawtin, City နှင့် St.John တို့ရှိ JCGV ရုပ်ရှင်ရုံများ၊ Mingalar Cineplex (ဂမုန်းပွင့်)၊ Red Radiance (လှည်းတန်း)၊ Paradiso (မှော်ဘီ)၊ ရွှေပြည်သာ၊ မန္တလေးမြို့ရှိ မြို့မ၊ မြို့ဂုဏ်ရောင်၊ JCGV၊ Diamond Cineplex၊ နေပြည်တော်ရှိ JCGV၊ ဇေယျာသီရိ၊ အောင်သပြေ၊ ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ တောင်ကြီးရှိ မြသုခနှင့် Mega Ace၊ လားရှိုးမြို့ရှိ သီတာအေး၊ သိန်းထိုက်၊ အောင်သီရိ၊ ပြင်ဦးလွင်မြို့ရှိ Movie Planet နှင့် ချယ်ရီလွင်၊ မော်လမြိုင်ရှိ JCGV၊ ပုသိမ်ရှိ ရွှေပြည်တော်၊ ဘားအံရှိ တက်နေဝန်းနှင့် ဦးဆောက်ပန်း၊ မကွေးမြို့ရှိ မင်္ဂလာစံပြ၊ မုံရွာ၊ ဖျာပုံ၊ အောင်ပန်း၊ ရွှေဘို၊ သထုံနှင့် ကျောက်ပန်းတောင်းမြို့များရှိ Paradiso ရုပ်ရှင်ရုံများ၊ ပဲခူးမြို့ရှိ Mingalar Cineplex နှင့် ရွှေဟသာၤ၊ မြိတ်မြို့ရှိ မြိတ်မင်္ဂလာနှင့် JCGV၊ တောင်ငူရှိ New 3D၊ မြစ်ကြီးနားမြို့ရှိ ဧရာ၊ မိတ္ထီလာမြို့ရှိ ဂရင်းရုပ်ရှင်ရုံ၊ မြင်းခြံမြို့ရှိ မြေလတ်ဂုဏ်နှင့် ဗန်းမော်မြို့ရှိ စတား စသည့်ရုပ်ရှင်ရုံများတွင် တစ်ပြိုင်နက် ပြသထားသည်ဟု သိရသည်။

‘လရိပ်ဝေး’ ၁၀ နှစ်သမီးအရွယ်တွင် မိခင်ဖြစ်သူ ဒေါ်မြမြက ဖခင်အား ဓားဖြင့်ခုတ်သတ်လိုက်သည့် မြင်ကွင်းကို မြင်တွေ့ရပြီးနောက် စိတ်ဒဏ်ရာများဖြင့် ကြီးပြင်းခဲ့ရသူဖြစ်သည်။ ပတ်ဝန်းကျင်၏ ပြောဆိုကဲ့ရဲ့မှုများကြားတွင် လရိပ်ဝေးတစ်ယောက် မိခင်ကို ပိုမိုမုန်းတီးနေခဲ့သူဖြစ်သည်။ မိဘများမရှိတော့သဖြင့် ဆွေမျိုးများအိမ်တွင် လှည့်လည်နေထိုင်းရင်း ဘဝကိုဖြတ်သန်းခဲ့ရသူဖြစ်သဖြင့် ငယ်စဉ်တည်းက ဘဝရည်မှန်းချက်ကြီးကာ မိမိဘဝတိုးတက်ရေးအတွက် ကြိုးစားခဲ့သည်။ အရွယ်ရောက်လာချိန်တွင် လရိပ်ဝေးတစ်ယောက် သီဟနိုင်နှင့် တွေ့ဆုံချစ်ကြိုက်မိခဲ့သည်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသည့် သီဟနိုင်က အိမ်တွင်အလိုလိုက်ခံထားရသည့် သားတစ်ယောက်ဖြစ်ပြီး အသုံးအဖြုန်းကြီးသလို စည်းစနစ်လည်းမရှိသူဖြစ်သည်။ လရိပ်ဝေးကမူ ဘဝကိုနာကြည်းချက်ဖြင့် ကြိုးစားရသူပီပီ အရာရာတွင် စည်းစနစ်ကြီးသူဖြစ်သည်။ သီဟနိုင်နှင့် လရိပ်ဝေးတို့ လက်ထပ်ပွဲမတိုင်မီတွင် ဒေါ်မြမြတစ်ယောက် ထောင်မှလွတ်လာခဲ့သည်။

မိခင်ကိုနာကြည်းကာ သွားမကြိုခဲ့သော်လည်း မင်္ဂလာပွဲအတွက် မိခင်ကို မဖိတ်ဘဲမကောင်းဖြစ်နေသဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။ နှစ်ကာလများစွာကွဲကွာနေသည့် သမီးဖြစ်သူကိုတွေ့ချိန်တွင် ဒေါ်မြမြက ခံစားရသလောက် လရိပ်ဝေးကမူ အေးတိအေးစက်သာ ဆက်ဆံဖြစ်ခဲ့သည်။ လရိပ်ဝေးနှင့် သီဟနိုင်တို့ မင်္ဂလာပွဲအပြီးတွင် သီဟနိုင်၏ အမေနှင့်အစ်မက မင်္ဂလာပွဲကုန်ကျစရိတ်ကို အကြောင်းပြကာ လက်ဖွဲ့ငွေများကို နည်းမျိုးစုံဖြင့်ယူသွားသည်ကို လရိပ်ဝေးက ပေးလိုက်သော်လည်း စိတ်ထဲတွင် အဖုအထစ်ဖြစ်သွားခဲ့သည်။ လက်ထပ်ပြီးချိန်တွင် သီဟနိုင်မှာ ဆေးကျောင်းတက်နေဆဲဖြစ်ရာ လရိပ်ဝေးကပင်ငွေရှာပြီး အိမ်စရိတ်ကော ကျောင်းစရိတ်ကိုပါ ထောက်ပံ့ပေးထားခဲ့သည်။ သို့သော်လည်း သီဟနိုင်မှာ အသုံးစရိတ်လည်းမလျှော့၊ အိမ်အလုပ်လည်းမကူဘဲ လူပျိုတုန်းကလိုပင် ညည့်နက်မှပြန်လာသည့်ရက်လည်း များနေခဲ့သည်။ လရိပ်ဝေးမှာ ရုံးအလုပ်နှင့်အိမ်အလုပ် မနိုင်တော့သည့်အတွက် အိမ်အကူအဖြစ် မိခင်ဒေါ်မြမြနှင့် ထောင်ထဲ၌အတူနေခဲ့သူ မရီကိုခေါ်ခဲ့သည်။ ထိုအိမ်အကူခေါ်ယူမှုကို သီဟနိုင်၏ မိခင်နှင့်အစ်မတို့က မကျေမနပ်ဖြစ်နေခဲ့ပြီး ဘာမဟုတ်သည့် အိမ်အကူကိစ္စ အကြောင်းပြုကာ အိမ်ထောင်ရေးတွင် ပြဿနာများအစပြုခဲ့ပြီးနောက် ဖြစ်ပေါ်လာသည်များကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည်။

■ ဇာတ်ကားအမည် - ရင်ဘတ်ထဲက ဓား

■ စတင်ရုံတင်ပြသသည့်ရက် - အောက်တိုဘာ ၂၇ ရက် (သောကြာနေ့)

■ ဝတ္ထု-လမင်းမိုမို (အမှောင်ထဲမှာ)

■ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ-ဝိုင်း

■ ပါဝင်သည့်သရုပ်ဆောင်များ - ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ထွန်းအိန္ဒြာဗိုလ်၊ မေကဗျာ၊ နေဆန်း၊ ခင်မို့မို့အေး၊ ဦးဝင်းမြိုင်၊ ဒေါ်နွဲ့နွဲ့စန်း၊ သန်းသန်းစိုး၊ အောင်မိုး၊ နန်းစုနွယ်၊ ကလေးသရုပ်ဆောင် ထက်ထက်နှင့် အနုပညာရှင်များစွာ

 

Most Read

Most Recent